Chapter (45)

5.8K 558 33
                                    


##Unicode##

Never.....[[ ဘယ်သောအခါမှ ]]
"""""""""""""""""""""""""""""""'""

အချိန်တွေက ကုန်ဆုံးတာ မြန်လေသလား? ကလေးငယ်ကပဲ ကြီးထွားတာမြန်လေသလား?သန်ဘက်ခါဆို ရိဟော် ၂နှစ်ပြည့်သလို ငယ် ဆုံးတာလဲ ၂နှစ်တောင်ပြည့်တော့မှာပေါ့..၊ ေရှာင်ငယ် မင်းတစ်ကယ်ကြီး ကိုယ်တို့သားအဖ ကိုမျက်ကွယ်ပြုထားတာပဲ..။

ဒါပေမယ့် တစ်ခုတော့ ဝမ်းသာရမယ်..။ ဒီနှစ်တွေအတွင်းမှာ ရိပေါ့်ဆီမှ အချစ်ရေး ကိစ္စဘာရှုပ်ထွေးမှုကိုမှ ရှောင်းကျန့်မကြားရ..။ သူ့ကိုဘယ်လောက် မုန်းတယ်ပြောပြော ရင်ထဲမှာ ရှိနေသေးတယ်ဆိုတဲ့ သဘောမဟုတ်လား? ဒါပေမယ့် Canadaကို လိုက်သွားပြီး ရှောင်ငယ် ကိုယ်မင်းကိုချစ်တယ် ကိုယ်နဲ့ပြန်လိုက်ခဲ့လို့လဲ မပြောရဲပြန်ဘူး..။

"ဟူးး....."

"Dirty.....ဒက်တီး..."

"ဟမ်!!!....သား ဘယ်လိုခေါ်လိုက်တယ် ပြန်ခေါ်ပါဦး..ဟားးဟားး"

ရှောင်းကျန့်မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်ခပ်ရဲရဲ..၊ သားကသွက်သွက် လက်လက်လေးပေမယ့် စကားကတော့ ၂ နှစ်ပြည့်ခါနီးထိမပြောသေးတာမို့ စိတ်ပူနေရတာ..၊ ခုတော့ စကားစပြောလာပြီ..။

"သားရေ..ရိဟော် "

စက်ရုပ်ကားကြီးကို ပါးစပ်က တစ်ဘွန်းဘွန်းမြည်သံပေး၍ မောင်းနေကာ နာမည်ခေါ်သံကြားလို့ သားငယ်က သူ့ကိုမော့ကြည့်လာတယ်..၊ ပြီးတော့ တစ်လုံးချင်း..

"ဒက်တီး.....ဒက်...တီး "

"ဒက်တီးမဟုတ်ဘူးလေ  ဒယ်ဒီ လို့..."

သားက Dirty ချင်းထပ်အောင်ခေ ါ်နေတာမို့ ရှောင်းကျန့်မှာ ငိုအားထက် ရယ်အားသန်လာသည်..၊ Uncle နဲ့ ယဲ့ဖေးဆီဖုန်းဆတ်ပြီး လှမ်းကြွားရသေးတယ်..၊ ယဲ့ဖေးက နောက်စကားလုံးတွေကို သင်ပေးကြည့်ဖို့ အကြံပေးလာတာမို့ ရှောင်းကျန့်မှာ သားငယ်ကိုကောက်ပွေ့ရင်း ဧည့်ခန်းထဲကဓာတ်ပုံကြီးက ငယ့်ပုံကိုလက်ညှိုးထိုးကာ..

"မား မား....ရိဟော် ေခါ်ကြည့်စမ်း မား မား လို့.."

စကားသံတွေက အထစ်အငေါ့မရှိပဲ...

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now