Chapter (41)

5.2K 536 41
                                    

##Unicode##

Never......[[ ဘယ်သောအခါမှ ]]
*****************************

ယဲ့ဖေးမှာ လက်အိတ်အကြည်လေးကို စွပ်လိုက်ပြီး ရိချန်းဗိုက်အနေအထားကို ပြုပြင်ပေးနေသည်..။ မျက်ခုံးတွေအနည်းငယ် တွန့်ကြုတ်နေပြီး တစ်ချက်တစ်ချက် နှုတ်ခမ်းပါးတို့က လွန့်လူးရုံပြုံးသည်..။

အထွေထွေရောဂါကုဖြစ်တဲ့ ယဲ့ဖေးက UK ကနေ အငယ်တန်း ပါမောက္ခဘွဲ့ကို ရထားသူ..၊  မကြာခင်မှာ ဆေးရုံအုပ်နေရာကိုဆက်ခံရန် လျာထားခြင်း ခံထားရပေမယ့် ထိုသူကတော့ ကိုယ့်ဘွဲ့ထူးတွေကို မေ့ကာ ခုထက်ထိ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့..

ရှောင်းမုချီ တပည့်တွေထဲမှာ သူ့ခြေရာနင်းနိုင်တာဆိုလို့ ယဲ့ဖေးတစ်ယောက်သာ ရှိသည်လေ..။ ရိချန်းကိုယ်ဝန်ကိုလဲ ရှောင်းမုချီနဲ့ရှောင်းကျန့်က ယဲ့ဖေးကိုသာ မွေးပေးစေချင်သည်..။

"Dr...ဗိုက်အနေအထားက အဆင်ပြေရဲ့လား?"

ယဲ့ဖေးမှာ နှာခေါင်းရှုံ့ရင်း ဟက်ခနဲရယ်သည် ..။

"ရိချန်း နင့်ကလေးတွေကလဲ အဆော့သန်လိုက်တာဟာ တစ်ပတ်တစ်ခါ ဗိုက်ပြင်ရတာတော့ မဟုတ်သေးပါဘူး.."

"အင်း..ခုတလော အရမ်းတိုးလာတာ Dr ယဲ့ဖေးရဲ့ စိတ်ပူစရာရှိလို့လား? "

"စိတ်ပူစရာမရှိပေမယ့် မွေးခါနီး အနေအထားမမှန်ရင် မွေးရခက်တယ်လေ နင် ပင်ပန်းမှာပေါ့..ငါပြောပြထားတဲ့ ကိစ္စတွေကြောင့် နင်နေရခက်နေတာလား?"

ထိုနေ့က Sir အခန်းထဲမှာ ရိပေါ်နဲ့ သူတကယ်ချစ်သူ မဟုတ်ကြောင်း၊ အကြောင်းကိစ္စ တစ်ခုကြောင့် ဟန်ဆောင်နေရကြောင်း တိုးတိုးကျိတ် ပြောနေခြင်းကို ရိချန်းကြားသွားပုံရသည်..။ နောက်နေ့တော့ ဆေးရုံကို ကိုယ်တိုင် ကိုယ်ကျလိုက်လာပြီး မေးခွန်းထုတ်လာတော့...ယဲ့ဖေးမှာမနေသာတော့ပဲ ပြောပြလိုက်ရသည်..။

ဗိုက်ကြီးသည်မှာ ငိုလိုက်သည့်ဖြစ်ခြင်း..။ တိတိလေးကို ပြင်သစ်က သွားခေါ်မယ်ဆိုပြီး ကမူးကရူး လုပ်နေသေးသည်..၊ Canada ကိုသွားတာပါလို့ ပြောတာတောင် ကိုယ့်ကိုမယုံကြည်နိုင်သေး..။ ရိပေါ့်ဆီက အဆက်အသွယ်ရမှသာ ယုံကြည်သွားခြင်း..။အမှန်တရားကို ဘယ်လောက်သိသိ သူတို့မသိတာက Canada မသွားခင် ရှောင်းကျန့်နဲ့ရိပေါ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ...

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now