Chapter (19)

4K 375 6
                                    

Unicode

Never (ဘယ်သောအခါမှ)
_______________________


ရိပေါ်မှာ ရှိုက်ငိုရလွန်း၍ ရင်ဘတ်တောင်နာလာသည်..။ ရင်ငွေ့နွေးနွေးလေးနှင့် ကျောပြင်ပေါ်သို့ ခပ်ဖွဖွ ပုတ်ပေးနေတယ့် အထိအတွေ့ကြောင့်လားတော့မသိ မျက်ရည်ဥတွေက ပို၍ အားကောင်းလာကြသည်..။

"မငိုနဲ့ပါနဲ့တော့ ငယ်ရယ် အားလုံး ကိုယ့်အမှားတွေပါ ကိုယ်ပေါ့ဆလို့ ခုလိုဖြစ်သွားရတာ..."

စကားတွေနှင့် တောင်းပန်လို့ မရပေမယ့် ဒီအချိန်မှာ ရှောင်းကျန့် ပြောနိုင်တာဆိုလို့ ထိုစကားများသာ ရှိသည်..။

ပူနွေးနွေး မျက်ရည်စက်တို့က သူ့အင်္ကျီစကိုဖောက်ဝင်ပြီး နှလုံးသားထဲထိ စိမ့်ဝင်သွားသည့်နှယ်..။ ငယ့် မျက်ရည်တွေက သူ့ရင်ကိုတကယ်ပဲ ပူလောင်စေပါတယ်..။

"ဘယ်..မှာ..လဲ?"

မျက်ရည်များနှင့် ပိတ်ဆို့နေတာကြောင့် အစ်ကို့ မျက်နှာကို ကောင်းစွာမမြင်ရ..။ သို့ပေမယ့် မျက်ဝန်းမှာတော့ ဝမ်းနည်းရိပ်တွေခိုအောင်းနေမှန်း ရိပေါ်မြင်နေရသည်။

"ဘာကိုမေးတာလဲ ငယ်.."

"ကျွန်...**Sob တိတိလေးကို ဘယ်ဆေးရုံမှာ တင်ထားတာလဲ?"

ကျွန်တော်ခန္ဓာကိုယ်လို့ မေးလိုက်ချင်မိတာ အစ်ကိုဘယ်လိုများ တုံ့ပြန်မလဲ? ခုချက်ချင်း ရင်ခွင်ထဲက တွန်းထုတ်လိုက်မှာ သေချာတယ်..။

" Uncle အသိဆေးရုံမှာ ရိပေါ်လေးကို စောင့်ကြည့်ခိုင်းထားတယ် ဟိုမှာကျွမ်းကျင်ဆရာဝန်တွေရှိတော့ ပိုအဆင်ပြေတာပေါ့ ချန်းအာ က အရမ်းလည်းစိတ်မပူပါနဲ့..."

ထိုစကားတွေကို အခန်းထဲက Wheelchairနဲ့ ထွက်လာတယ့် Uncle ရှောင်းမုချီက ဝင်ပြောသွားခြင်းပင်၊ ပြီးနောက် ရှောင်းကျန့်မျက်နှာကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်ပြီး..

" အရာအားလုံး မင်းကြောင့်ပဲ ကျန့်အာ၊ ခုတော့ ဘာ့မှအပြစ်မရှိတယ့် ရိပေါ်လေးက ဆေးရုံထဲမှာ လဲလျောင်းနေရတယ်..၊ နောက် ၃ရက်လောက်နေမှ သတိမရရင် Coma ဝင်ပြီလို့ သတ်မှတ်ရမှာပဲ၊ သူ့ရဲ့ထွန်းတောက်လာမယ့် အနာဂတ်တွေကို မင်းဘယ်လိုတာဝန်ယူမှာလဲ?"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now