Chapter (33)

5K 526 66
                                    

// UNICODE //

Never....[[ ဘယ်သောအခါမှ ]]
****************************

ပျော့ခွေနေသော ရှောင်ငယ့် ကိုပွေ့ပိုက်ရင်း ရှောင်းကျန့်မှာ နေရာမှ အလျင်တဆောထရပ်သည်..။ ပါးစပ်ကလဲ တစ်ကြော်ကြော်နဲ့..

"ရှောင်ငယ် သတိထားလေ  ရှောင်ငယ် ကိုယ်ခေါ်နေတာ ကြားရဲ့လား?"

ခေါင်းကနောက်လာသလို ရင်ဘတ်ကလဲ ပရမ်းပတာနှင့် တုန်ယင်လာသည်..။ ဝေခွဲမရတဲ့ ခံစားချက်တွေကြားမှာ ခြေထောက်အစုံက ကြမ်းပြင်ပေါ်၌ ရပ်မမြဲနိုင်..၊ ဘာလို့တစ်ကိုယ်လုံး အေးစက်ပြီး ပျော့ခွေနေရတာလဲ ရှောင်ငယ်ရယ် ကိုယ်စိတ်ပူလိုက်တာ..။

ဆေးရုံ
ဟုတ်တယ် ဆေးရုံကို အမြန်သွားရမယ်..။ သို့ပေမယ့် ခြေလှမ်းတွေကို လေးလံသွားစေသော စကားတစ်ခွန်းက နားထဲထော်လော်ကန့်လန့်နှင့်..

"နေဦး..ကောင်လေး လက်ပတ်ကြိုးယူသွားဦး.."

"ဟင်!..."

အဖြူရောင် ကြိုးထုံးလေးကို လိမ်ကျစ်နေရင်း ပါးစပ်ကလဲ ပတွတ်ပတွတ် ရေရွတ်နေသော နတ်ဆရာမကြီး ၊ ဆေးရည်တွေဖြန်းသလို အမှုန်တွေနဲ့လဲ ထိုကြိုးထုံးလေးအား လူးနေသေးသည်..။ ထူးဆန်းစွာပင် ဖယောင်းတိုင်မီးနဲ့ မီးရှို့လိုက်တော့ အဖြူရောင် ကြိုးလေးသည် မီးမစွဲပဲ အနီရောင်သို့ပြောင်းလဲသွားခဲ့သည်..။

"ရပြီ..ဒါကိုယူလိုက် မှတ်ဉာဏ်ဖျောက်မယ့်သူ ရဲ့ လက်မှာပတ်ပေးထား  ဒါမှ ပိုစိတ်ချရမှာ..."

ရှောင်းကျန့်မှာ တုံဏှိဘာဝေးနှင့်..

"ခုနကပြောတော့..."

"A...ခုနက အစီအရင်ဆိုတာ သူ့စိတ်ဝိညာဥ်က မင်းမိန်းမခန္ဓာကိုယ်ထဲက နောက်ဆံမတင်းပဲ ထွက်သွားနိုင်အောင်လို့ ပြောလိုက်တာ အဲ့နည်းကလဲ ထိရောက်တယ် ဒါပေမယ့် ယာယီပဲ.."

နတ်ဆရာမ ကမ်းပေးလာတဲ့ လက်ပတ်ကြိုးနီလေးကို စေ့စေ့စပ်စပ် ကြည့်ပြီး မျက်ခုံးတွေက တွန့်ကျိုးကုန်ကာ မေးခွန်းလဲ ထုတ်မိပြန်သည်..။

"ဒီလက်ပတ်မဝတ်ရင် မှတ်ဉာဏ်တွေပြန်ပေါ်လာနိုင်တယ် ဆိုတဲ့သဘောလား?"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now