Chapter (14)

3.7K 368 11
                                    

Unicode

Never.....{{{ဘယ်သောအခါမှ}}}
______________________________

"ချန်းအာ ရိပေါ်လေးကို မတွေ့ပါ့လား?"

"ဒီနားက One stopmark ကိုသွားတယ် Uncleရဲ့ ငယ် ဝယ်ဖို့ မေ့ကျန်တာတွေကိုသွားဝယ်တာ.. "

ထိုစကား တစ်ခွန်းသာ ပြောပြီး ရိချန်းက လုပ်စရာရှိသော အလုပ်များကို ဆက်လုပ်နေလိုက်တယ်..။ ဒီနေ့က ကိုကိုနဲ့ ငယ်ရဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့လေ..။

ရှောင်းကျန့်ကတော့ ခြံထဲမှာ နေရာထိုင်ခင်းတွေ လုပ်နေပြီး ညစာအတွက် ကြိုတင်ပြင်ဆင်နေသလို ရိချန်းကလည်း စားသောက်ဖွယ်ရာများကို လှပအောင် လှီးဖြတ်လို့နေတယ်..။ Uncle ရှောင်းမုချီ ကတော့သူ့အသဲတုံး ဒေါက်တာ ပေါက်စလေးကို wheelchair ကြီးမှ အားမနာ အိမ်ကိုပတ်ပြီးရှာနေတာကြောင့် အိမ်ထဲမှာဆူညံနေရောပဲ..။

သို့ပေမယ့် ဝမ်ရိပေါ်ကတော့ One stopmark ကနေ နယ်ကျွံပြီး တစ်ချိန်က သူတို့မောင်နှမနှစ်ယောက် နေခဲ့တဲ့ တစ်ထပ်တိုက်ပုလေး၏ ခြံရှေ့သို့ ရောက်နေခဲ့သည်။

နောက်ဆုံး အကြိမ်လာကြည့်ခြင်းပင်..။ China ကနေ အပြီးအပိုင် ထွက်သွားတော့မှာမို့ ဒီအိမ်လေးကို လွမ်းနေတော့မှာပဲ..။

အိမ်ထဲဝင်ပြီး လျှောက်ကြည့်ရင် ကောင်းမလား? အိမ်ရှေ့က ဒန်းလေးနောက်မှာ သော့ပိုတစ်ချောင်း ရှိတယ်လေ..။
ဟင့်အင်း.. မဝင်တော့ပါဘူး..။ အမှတ်တရတွေများရင် China မြေကို ကျွန်တော် မပြတ်သားနိုင်မှာစိုးတယ်..။

အိမ်လေးကို ကျောခိုင်းပြီး ခပ်ဖြေးဖြေးသာ လမ်းလျှောက် လာလိုက်သည်..။ အလာတုန်းက Taxi စီးလာပေမယ့် ခုတော့ နေစောင်းနေပြီမို့.. အေးအေးလူလူ လမ်းလျှောက်တာ အကောင်းဆုံးပင်..။

ကိုယ်ရှင်သန်ခဲ့တယ့် ပတ်ဝန်းကျင်က တစ်နှစ်အတွင်း ဘာတွေပြောင်းလဲ သွားသလဲဆိုတာ စူးစမ်းရင်းနဲ့ပေါ့..။

အထုပ်အမဲကြီးကိုဆွဲပြီး အေးအေးလူလူ လမ်းလျှောက်နေတဲ့ ကောင်လေးတစ်ယောက်ရှိသလို တဖက်တွင်လည်း..

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now