Chapter (35)

5.3K 539 33
                                    

#Unicode #

Never....[[ ဘယ်သောအခါမှ ]]
****************************

ဆေးရုံက ဆင်းပြီး 2 ပတ်အကြာမှာပဲ ရိပေါ့်ခြေထောက်တွေ ဟာအရင်အတိုင်းပြန်ကောင်းလာခဲ့တယ်..။ ရှောင်းကျန့် တွေးထင်သလို သူနာပြုနဲ့လဲ ဇာတ်လမ်းမဖြစ်ခဲ့ပါဘူး..ပြောင်းလဲသွားခဲ့တာက အရင်ကလို မိန်းကလေးတွေကို ရှောင်ဖယ် ရှောင်ဖယ်မလုပ်တော့ပဲ ပို၍လူဝင်ဆံ့လာခြင်း..။

ခုလဲ Breakfast စားနေရင်းတန်းလန်း အားလုံးကို အစားနင်အောင် လုပ်လိုက်ပုံက..အောက်ပါအတိုင်းပင်..

"အဟမ်း..ကျွန်တော် အကုန်လုံးကို သတိပေးစရာရှိလို့ပါ.."

သုံးယောက်သား အကြည့်တွေက ရိပေါ့်ဆီမှာသာ စူးစိုက်လျက်ရှိနေကာ ရှောင်းမုချီမှာ လူကြီးပီပီ..

"​ပြောလေ..ရိပေါ်လေး "

"ကျွန်တော် ပြင်သစ်ကိုပြန်တော့မယ်.."

ရိချန်းမျက်နှာက ချက်ချင်းပင် ပျက်ကျသွားကာ ရှောင်းကျန့်မှာတော့ လက်ထဲက စတီးတူလေးကိုသာ ကျိုးကြေမတတ် ဆုပ်ကိုင်ထားမိတယ်..။ ထိုတင်မကသေး..ရိပေါ်ကဆက်ပြီး..

" ကျွန်တော်က ဒီကိုတစ်လလောက်ပဲ လာလည်ပေမယ့် မထင်မှတ်ပဲ လအတော်ကြာဒီမှာနေမိသွားတယ်..၊ ဒါကြောင့် ပြန်သင့်ပြီထင်တာပဲ..၊ နောက်ပြီး ကျောင်းကလဲ တစ်ပိုင်းတစ်စကြီးနဲ့လေ "

အားလုံးက မျက်နှာပေး အမျိုးမျိုးနဲ့ ရိပေါ့်စကားတွေကိုသာ အာရုံစိုက်ပြီး နားထောင်နေကြသည်..။

" မမမှာလဲ ခုဆို Baby လေးတွေရှိနေပြီဆိုတော့ ကျွန်တော့်ကို ကလေးလို့မသတ်မှတ်နဲ့တော့နော်..ဟီးး.."

မဆီမဆိုင် ဟီးးခနဲထရယ်တော့ နားထောင်နေသည့် သူများမှာ အောင့်သက်သက်နှင့်..။ ရှောင်းကျန့်မှာ နောက်ဆုံးတော့ ပြူးတူးပြဲတဲနဲ့...

" တိတိ က အပြီးထွက်သွားမှာလဲ မဟုတ်ပဲနဲ့ ဘာလို့ အဲ့လောက်ထိ နိဒါန်းတွေ ရှည်နေရတာလဲ?"

ရိပေါ် က ပေါ့ပေါ့ပါးပါးပင် ပြန်တုန့်ပြန်လာသည်..။

"အပြီးမဟုတ်ပေမဲ့ Doctor ဖြစ်မှပြန်လာမှာဆိုတော့..၅ နှစ်လောက်တော့ အနည်းဆုံးကြာမှာပဲ..၊ အဲ့ခါကျရင် အိမ်ထောင်ဖက်ကိုပါ တစ်ခါတည်း ခေါ်လာခဲ့မယ်..ဘယ်လိုလဲ အကြံပိုင်တယ်မလား? ခွီးးး.."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now