Chapter (18)

4.2K 370 10
                                    

Unicode


Never (ဘယ်သောအခါမှ)
***************************

လေတိုးသံသဲ့သဲ့နဲ့ အတူ တဝေါဝေါ
ကြားနေရသော ရေစီးသံများ..၊ ကျေးငှက်တို့၏ မပီမသ တေးဆိုသံများကိုပါထပ်လောင်း ဖြည့်စွက်လိုက်တော့. .

သူ ယခုရှိနေသောနေရာက တောထဲတစ်နေရာဖြစ်လိမ့်မည်..။ မျက်လုံးအစုံက မှေးမှိတ် ထားတာကြောင့် မျက်တောင်မွှေးများကလည်း ဂဟေဆက်နေကြသည်..။

လေးလံနေတယ့် မျက်ခွံတွေကို အားယူဖွင့်ကြည့်မိတော့ ခပ်စူးစူး အလင်းတန်းတို့က အမြင်အာရုံကို ပိတ်ပင် တားဆီးလာပြန်သည်။ မျက်နှာရှေ့လက်ဝါးကို ဒိုင်းးသဖွယ် ကာလိုက်ရင်း...

"ကျစ်! စူးလိုက်တဲ့ နေရောင်ခြည်တွေ ဟင်..နောက်ပြီး ဒါတွေက.."

အလျင်တဆောပင် ဝုန်းကနဲ ထထိုင်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်သည်..။ တကယ်ပဲ တောထဲတောင်ထဲကို ရောက်နေတာကြောင့် ကြောက်စိတ်တွေက ဟိုကြားဒီကြားမှ ထိုးထွက်လာတာ အမှန်ပင်. .။

ပတ်ဝန်းကျင်ကလည်း မြူခိုးတို့နှင့် ရစ်သိုင်းနေပြီး ရွက်ကြွေများကလည်း တရှဲရှဲမြည်သံပေး၍ လေအသော့မှာ ခပ်လွန့်လွန့် ပြေးလွှား ခုန်ပေါက်နေကြသည်..။

"ငါ ဘယ်ကိုရောက်နေတာလဲ?"

ဖြေသူ မရှိပေမယ့် မေးခွန်းပေါင်း မ်ားစြာက
ရှောင်းကျန့်ခေါင်းထဲ ပြေးလွှားနေခဲ့သည်..။ တရိပ်ရိပ် မှတ်မိလာသော ပုံရိပ်တို့သည် ဝေဝါး​ေနသော်လည်း ပြတ်သားစွာ..

"Car accident ဟုတ်တယ် ငါ့ခေါင်းက နာကျင်နေတယ် တိတိလေး ခန္ဓာကိုယ်မှာသွေးတွေနဲ့လေ နောက်ပြီး ငယ်ရော ငယ်ရော ဘယ်ရောက်နေတာလဲ?"

မတွေ့နိုင်မှန်း သိပေမယ့် ပတ်ဝန်းကျင်ကို ပြူးတူးပြဲတဲ လိုက်ကြည့်မိပြန်သည်.. ။မြူခိုးများကလွဲ၍ ဘယ်လူသားကိုမှ မတွေ့ရ ၊ အခုမှသတိထားမိတာက မိမိကိုယ်တိုင်က ဖြူလွလွshirtအကျီနှင့် style pant အဖြူကို ဝတ်ဆင်ထားခြင်းပင်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now