Chapter (24)

4.5K 436 71
                                    


### UNICODE ###

Never...(ဘယ်သောအခါမှ)
************************

"Wow...Uncle တောင် လမ်းအတော်လျှောက်နိုင်ပြီပဲ..."

ရှောင်းမုချီက အိမ်ရှေ့မြက်ခင်းပြင်ကြီးမှာ ကို့ယို့ကားယားနဲ့ လမ်းလျှောက် ကျင့်နေပြီး ရိပေါ် ကတော့ လက်ခုပ် လက်ဝါးတီးကာ ခုန်ဆွခုန်ဆွနဲ့ အားပေးနေသည်..။ ညနေဆည်းဆာနှင့် အပြိုင် မြင်ကွင်းက အေးချမ်းလွန်းနေတာအမှန်..။

" Uncle ငယ် ကူတွဲ ပေးရမလား?"

"ရတယ် ချန်းအာ Uncle အဆင်ပြေတယ်"

"ဖြေးဖြေးလျောက်နော် ချော်လဲမယ်.. ဟယ် ဟိုမှာ ကိုကို ပြန်လာပြီ"

ခြံထဲဝိုက်ဝင်လာတယ့် အနက်ရောင်ဆလွန်းကားလေးကြောင့် ရိပေါ်မှာစွေ့ခနဲထခုန်မိကာ ကားဆီအပြေးသွားရန် ပြင်သည်..။ ကျွန်တော့်ပုံစံက မမအပြုအမူတွေနဲ့ တူရဲ့လားတော့ မသိပေမယ့် တစ်ခါတလေတော့ အစ်ကို့ကိုတွေ့ရင် ခုလိုအကျင့်ဆိုးများ ပေါ်ပေါက် လာတတ်သည်။

ခုလဲ ချစ်ရသူထံသွားရန် ကြံစည်မိသော်လည်း မြေကြီးဖုတ်တိုက်နေတယ့် ဂါဝန်ရှည်ရှည်ကြီးကြောင့်...

"အ...အ..မ..လေး...သေ..ပါ ပြီ"

ဗုန်းခနဲ မြည်သံပေး၍ မြက်ခင်းပေါ် ခွေခနဲလဲကျသည်..။ ရှောင်းမုချီ မှာ နီးရက်နဲ့ဝေးနေတာကြောင့် ရိပေါ့်ဆီကို တော်ရုံနဲ့ မရောက်နိုင်  ရှောင်းကျန့်ကတော့ လဲကျတာမြင်လိုက်ကတည်းက မပြေးရုံတမယ် ခြေလှမ်းကျဲကြီးများနှင့် လျောက်လာပြီသား..။

"ငယ်....ဘာဖြစ်သွားသေးလဲကွာ ခုတလော တအားကို လျှပ်စီးတွေလက်နေတာပဲ.."

နာကျင်နေသည့်ကြားမှ ရိပေါ်ပြုံးလိုက်မိသည်။ ကြည့်ရတာ ကျွန်တော်သရုပ်ဆောင်မှုတွေက Overtine ဖြစ်သွားပြီထင်တယ်..။

"ချန်းအာ ထနိုင်ရဲ့လား?"

ခြေထောက်အနည်းငယ် မျက်သွားသော်လည်း ရိပေါ်က ခေါင်းတွင်တွင်ခါပြီး ရှက်ရယ်ရယ်ကာ..

"ဟီး...စိတ်မပူနဲ့ ငယ် ဘာ့မှမဖြစ်ဘူး Uncle ၊ ကိုကို လဲစိတ်မပူနဲ့နော် ငယ် က ဒီအတိုင်းပဲ မြက်ခင်းစိမ်းလေးပေါ်မှာ ထိုင်ကြည့်ချင်လို့"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now