Chapter (17)

4.6K 418 47
                                    


Unicode

Never (ဘယ်သောအခါမှ)
________________________


ကားပေါ်မှာထိုင်ရင်း ဧည့်ခန်းထဲမှာ စကားလက်ဆုံ ကျနေတယ့် လူသုံးယောက်ကို ရှောင်းကျန့် ငေးမောနေမိသည်..။

Uncle က တိတိလေးကို ပွေ့ဖက်ရင်း မပြီးဆုံးနိုင်သော စကားများ ခြွေလျက်ရှိကာ ငယ် ကတော့ မောင်ဖြစ်သူကို ကြည့်ပြီး သဘောတကျ ရယ်မောနေသည်..။

သို့ပေမယ့် ရှောင်းကျန့် ရင်ထဲတွင်တော့ မနေ့က အကြောင်းအရာများဟာ ထုထည်ကြီးမားစွာနှင့် ခိုအောင်းလို့နေသေးသည်..။

အမြွှာမောင်နှမ ကြားတွင် ကျွန်တော်က လူဆိုးကောင်ကြီး ဖြစ်နေခဲ့ပြီလား?

"ဒီ ကိစ္စ တွေ ကို မမကို ပြန်မပြောကြေး" တဲ့ ပေါ့ပေါ့ပါးပါးစကား တစ်ခွန်းပေမယ့် ကိုယ့်ရင်ထဲမှာတော့ ခဲဆွဲခံထားရသည့်နှယ်...။

"အနမ်း"
"ပွေ့ဖက်ခြင်း" နှင့်
"မျက်ရည်စက်များ"

မိမိနှုတ်ခမ်းကို ပြန်တို့ထိကြည့်တော့ မျက်နှာတခုလုံးက မီးဟပ်ခံရသည့်နှယ် တရိပ်ရိပ်ပူတက်လာခဲ့သည်..။

မသောက်ပဲ ရခဲ့တယ့် စပျစ်ဝိုင်အရသာက အာရုံထဲသို့ နောက်တစ်ဖန်...။

ဟင့်အင်း...
ငါဘာတွေ တွေးနေတာလာလဲ ?
မဟုတ်သေးဘူးလေ....
မနေ့ညကလည်း တစ်ညလုံး ဒီအကြောင်းတွေပဲ တွေးနေခဲ့မိတာ....။

"ကိုကို "

"ဟမ်! ! ! "

ကားလေးသိမ့်ခနဲ တုန်တက်သွားပြီး ငယ်နဲ့ တိတိက နောက်ခန်းမှာ ဝင်ထိုင်ပြီမို့ ရှောင်းကျန့်မှာ အတွေးအိမ်ထဲမှ အမြန်ခုန်ထွက်လိုက်ရသည်..။ Back မှန်မှတစ်ဆင့် ဆင်တူမောင်နှမနှစ်ယောက်ကို တစ်ချက်ကြည့်တော့....

ဆုံဆည်း လိုက်ရသည်က မှိုင်းညို့ညို့ မျက်ဝန်းနက်ကလေးများ ၊ စတီယာရင်ကို ဆုပ်ကိုင်ထားတယ့် ရှောင်းကျန့်လက်အစုံဟာ တင်းကြပ်လို့ လာခဲ့တယ်...။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now