Chapter (3)

4.7K 488 4
                                    

{{ UNICODE }}

Never....{{ ဘယ်သောအခါမှ }}
*****************************

မျက်မှန်လေးပင့်ကာ ပင့်ကာနှင့် အလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက်..၊ ချုပ်ရိုးအလှချုပ်ခြင်း လေ့ကျင့်နေတာမို့ လေးထောင့် ခေါင်းအုံးလေးပေါ်မှာ အရွယ်အစားစုံလင်သော ချုပ်ရိုးရာများက အထပ်ထပ်..။

ငါးရိုးပုံစံ ချုပ်ရိုးရာများက ဆရာဝန်တစ်ယောက်အတွက် မခက်ခဲပေမယ့် ဆေးကျောင်းသားလေး ဝမ်ရိပေါ်အတွက်တော့ ချွေးစို့စေသော ဖြစ်ရပ်တစ်ခုပင်..။

"ဟူး..ပြီးသွားပြီ"

နာရီကိုကြည့်လိုက်တော့ ညနေငါးနာရီ စွန်းစွန်းတောင် ရှိချေပြီ..။ ညနေစာအတွက် ဘာ့မှ မချက်ပြုတ် ရသေးသလို မမကလဲဖုန်းဆတ်၍ ပြောလာသည်..။ ဒီနေ့ည OTဆင်းရမယ်တဲ့ တကယ်ဟုတ်တာ မဟုတ်တာအသာထား..အခုတော့ စာကြည့်တိုက်သွားရန် အမြင်ပြင်ဆင် ရသေးသည်..။

Libaryက ည8နာရီမှ ပိတ်တာမို့ အပြန်ကျဟင်းချက်စရာတွေ တစ်ခါတည်း ဝယ်ခဲ့ရုံပဲ..။ မမကတော့ ည10နာရီလောက်မှ အစ်ကို့ကားနဲ့ ပြန်ရောက် လာလိမ့်မယ်..။

ဒါကခုတလော ဖြစ်ပျက်နေတယ့် ကျွန်တော့်တို့အိမ်ရဲ့အခြေအနေတစ်ခု..။

ရှောင်းကျန့်ကို မချစ်တော့ဘူးလားလို့ မေးရင်..အစ်ကို့ကို ကျွန်တော် သိပ်ချစ်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ဖြစ်တည်မှုက တိမ်စိုင်တွေလိုပဲ ဖမ်းဆုပ်ရ သိပ်ခက်တယ်လေ..။

ဒါကြောင့် ပျော်ရွှင်စွာ ကာလာစုံ ပြောင်းနေတယ့် တိမ်တိုက်ငယ်နဲ့ တိမ်မင်းသမီးလေးကိုအဝေးကပဲ ရင်နာနာနဲ့ ကြည့်နေမိတယ်..။

ပင်ပန်းတာပေါ့
ကျွန်တော့် နှလုံးသားလေးက တိတ်တိတ်လေး ငိုကြွေးနေပေမယ့် မမရဲ့ရယ်သံတွေနဲ့ ကုစားလိုက်ပါတယ်..။

နာရီဝတ်လောက် လမ်းလျှောက် လိုက်တော့ Libaryကြီးက ကျွန်တော့်ရှေ့မှာ ထီးထီးကြီးတည်တံ့လို့..၊ လာနေကျ မို့လို့လားမသိ စာကြည့်တိုက်မှူး ကတောင် ကိုယ့်ကိုရယ်ပြလာသည်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now