Chapter (27)

4.8K 474 49
                                    

## UNICODE ##

Never.... [[ ဘယ်သောအခါမှ ]]
***************************

နှစ်ပတ်ဆိုသော ကာလအတွင်းမှာ အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်လျက်ရှိသည်..။ ရိပေါ်မှာလဲ ရိချန်းခန္ဓာကိုယ်ထဲ အံဝင်ဂွင်ကျဖြစ်နေကာ တစ်ပတ်နှစ်ခါလောက် ရှောင်းမုချီနဲ့အတူ ဆေးရုံက သူ့ခန္ဓာကိုယ် ကိုသွားကြည့်ဖြစ်သည်..။

မငြိမ်းချမ်းနိုင် ဖြစ်နေသူက ရှောင်းကျန့်ပင်..၊ တစ်ယောက်တည်း တိုင်ပတ်နေကာ Company ကိုလဲ သွားတစ်ရက်၊ မသွားတစ်ရက်နှင့်..၊ ဟိုဝိညာဥ်ကားကိုကြည့်လိုက်..သက်ပြင်းချလိုက်၊ ဒီသရဲကားကိုကြည့်လိုက် တွေဝေသွားလိုက်နဲ့..လူကအနည်းငယ် လွတ်ချင်လာသည်..။

အဲ့လိုဖြစ်နေခဲ့တာ ဒီနေ့နဲ့တောင် ၁၅ရက်တောင်ရှိပြီလေ ။ ထို့ကြောင့် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဒီနေ့တော့ ဆေးရုံကိုခြေချဖြစ်သည်..။

"တိတိလေး အခြေအနေ ဘယ်လိုရှိလဲ? "

" အခြေအနေကောင်းပါတယ် မင်းသွားကြည့်လိုက်လေ လက်ကဒဏ်ရာကို မနေ့ကပဲ ကျောက်ပတ်တီးဖြေလိုက်တာ.. Sir ကိုတောင် ငါ Phone ဆတ်ပြီးပြောလိုက်သေးတယ်.."

"အင်း...ငါ..ငါ..သွားကြည့်လိုက်မယ်"

ယဲ့ဖေး ကို အင်း အဲ ထောက်ခံပြီးအခန်းထဲက ထွက်လာခဲ့သည်..။ တကယ်ဆို တိတိလေးရှိရာအခန်းထဲ သူမဝင်ရဲ..၊ ထိုကောင်လေးခန္ဓာကိုယ်က ဒီနေရာမှာရှိနေပေမယ့် သူ့ရဲ့စိတ်ဝိညာဥ်ကတော့ ကိုယ့်ဆီမှာ ရှင်ရက်နဲ့ သေဆုံးခဲ့ရတယ်မလား?

နောက်ပြီး အဲ့ဒီအခန်းထဲမှာ သူခန့်မှန်းထားတယ့်အတိုင်း ငယ်သာရှိနေလျှင်..

ဟင့်အင်း...
ဒီမောင်နှမ နှစ်ယောက်လုံးအပေါ်မှာ ဖျောက်ဖျက်မရတယ့် အမှားတွေ ကျွန်တော်လုပ်ခဲ့မိတယ်..။

အခန်းတံခါးမှာ တစ်ထွာခန့်ရှိသော အတွင်းရော အပြင်ပါ မြင်ရတယ့် မှန်အကြည်လေးရှိနေတာမို့ အထဲကိုအသာ ချောင်းကြည့်လိုက်သည်..။

တိတိလေးက စက်ကိရိယာတွေကြားမှာ Oxygen အကူအညီနှင့် အသက်ရှူနေရတာမို့ သူမျက်နှာသာ လွှဲလိုက်မိတယ်..။ တောင်းပန်ပါတယ် တိတိရယ် ကိုယ် မင်းနဲ့မျက်နှာချင်း မဆိုင်ရဲလို့ပါကွာ..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now