Chapter (2)

5.8K 502 4
                                    

##UNICODE ##

Never....{ ဘယ်သောအခါမှ}
***************************

"တိတိလေး နေမြင့်နေပြီလေကွာ ခုထိမထသေးဘူးလား?"

အသံဆာဆာလေးရဲ့နောက်မှာ ရိပေါ့်ကိုယ်ပေါ်က စောင်ပါးလေးဟာလဲ ကူရာကယ်ရာမဲ့စွာနှင့် ရိချန်းလက်ထဲ ပါသွားခဲ့သည်။

//အိပ်ချင်ယောင် ဆောင်တယ့်သူကို နှိုးရခက်တယ်// ဆိုတယ့်အတိုင်း ဝမ်ရိပေါ်တို့က တုန့်တုန့်မျှ မလှုပ်ပါပဲ..ဖယောင်းရုပ်လို အိပ်ရာပေါ်တွင် ငြိမ်ချက်သား ကောင်းနေသည်..။

"မှန်းစမ်း နေမကောင်းတာလား?"

အပြောနှင့်အတူ နဖူးပြင်ပေါ် ကျရောက် လာတယ့် လက်တစ်ဖက်ကြောင့် ရိပေါ်ရင်ထဲဒိတ်ခနဲဖြစ်သည်..။ ဟုတ်တယ် မမက အရင်ကတည်းက ကျွန်တော့်ကို ခုလိုစိုးရိမ်နေကျပဲဲ၊ ဒါပေမယ့် ခုကျတော့ ကိုယ့်ဘာသာ နောက်ကျောမလုံဖြစ်ကာ စိုးထိတ်နေသည်က ကြီးမားသော ဝဋ်ဒုက္ခတစ်မျိုး..။

ဘာလို့လဲ?
ဘာလို့ ခုလိုအကြောင်းတရားတွေ ဖြစ်နေရတာလဲ?

"ကြည့်ပါဦး မနေ့ညက စာအုပ်တွေ အများကြီး ဖတ်ထားတယ်နဲ့တူတယ် ဒီအတိုင်းဆိုစာကြည့်မျက်မှန်ကို ပါဝါထပ် တိုးရတော့မှာပဲ.."

ဗျစ်တောက်ဗျစ်တောက် ရေရွတ်ရင်း ကုတင်စွန်းမှ လှစ်ခနဲ ထသွားတာကို ခံစားနေရသည်..။ စားပွဲပေါ်က စာအုပ်များကို အစီအရီပြန်ထပ်ပေးနေသံကိုလဲ အတိုင်းသား ကြားနေရသေးသည်..။

ရိပေါ့် မျက်ဝန်းထောင့်မှ မျက်ရည်ဥတို့သည် နားသယ်စပ်ကိုဖြတ်၍ ခေါင်းအုံးထဲသို့ တစ်စက်ပြီး တစ်စက် စိမ့်ဝင်သွားခဲ့သည်..။

ကျွန်တော်ပင်ပန်းတယ် မမ..
မပျော်ဘူး ရင်ထဲမှာမီးလို ပူနေတယ်..။

"အွင်း..ဝါးး.."

"ဟယ်...တိတိလေးနိုးပြီပေါ့.."

ရိပေါ်က တစ်ဝါးဝါးသန်းဝေပြပြီး မျက်ခမ်းထောင့်မှ မျက်ရည်စက်များကို မသိမသာဖိသုတ်ကာ မျက်ရိုးကို နှိပ်ဟန်ပြုသည်..။ ပြီးမှ ပြုံးရယ်ကာနှင့်

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now