Chapter (20)

5.2K 451 41
                                    

UNICODE

Never....{{ဘယ်သောအခါမှ}}
°°°°°°••••••••••••••••••••••°°°°°°°

"အသက်အန္တရယ် မရှိတော့ပေမယ့် သတိရလာဖို့က လူနာရဲ့စိတ်အခြေအနေနဲ့ ဆိုင်နေတယ်ကွာ၊ ဦးခေါင်းခွံ အက်သွားတယ့်အပြင် အတွင်းပိုင်း သွေးယိုစိတ်မှုလဲ နည်းနည်းရှိတယ်၊ ငါ့ ဆရာဝန်လုပ်သက်မှာ ဝမ်ရိပေါ်က အကြာဆုံး ခွဲစိတ်ရတယ့်လူနာပဲ..."

Projector ပေါ်က ဦးခေါင်းခွံပုံစံ အရိုးစုကိုကြည့်ပြီး ယဲ့ဖေးက ရှင်းပြနေသလောက် ရှောင်းကျန့်မှာတော့ အင်း ဟုတောင် အသံမပြုနိုင်..။

" ပြင်ပဒဏ်ရာတွေက အချိန်တိုအတွင်းပြန်ကောင်းသွားမှာပါ ၊ ဒီလိုစကားတော့ ငါမပြောသင့်မှန်း သိပေမယ့် ကံတရားကိုပဲ အားကိုးရမှာပေါ့၊ ငါတို့လဲ အစွမ်းကုန် ကုသပေးထားတာပဲ.."

ကံတရားကို အားကိုးမယ်တဲ့..။
ဒါကတကယ်ရော ဖြစ်နိုင်လို့လား? လူနာရဲ့စိတ်အ​​ခြေအနေအပေါ် မူတည်တယ်တဲ့..။

ဝုန်းခနဲ ခေါင်းထဲရောက်လာသည်က..အိပ်မက်ထဲက အကြောင်းအရာများ..

"ဒီနေရာက အမြန်ဆုံးထွက်သွားပါ ကျွန်တော် တစ်ယောက်ထဲနေချင်တယ်.."

"ကျွန်တော် တစ်ယောက်ထဲနေချင်တယ်"

"ကျွန်တော် တစ်ယောက်ထဲ နေချင်တယ်.."

အက်ရှရှ အသံလေးက နားထဲ တိုးလိုက်ကျယ်လိုက်နှင့် အထပ်ထပ်အခါခါ..။

"ကျွီ.."

ကားဘရိတ် အုတ်သံနှင့်အတူ ခြံရှေ့တွင် တုံ့ခနဲရပ်သွားတယ့် Taxi ကားလေးကြောင့် အတွေးအိမ်ထဲမှ နိုးထလာရသည်..။ ငယ် က ကားတံခါးဖွင့်၍ ဦးအောင် ဆင်းသွားပြီးမို့ ပိုက်ဆံရှင်းကာ နောက်မှ အမြန်ပြေးလိုက်ရသည်။

ဆေးရုံမှာကတည်းက သူမစိတ်အခြေအနေတွေ မတည်ငြိမ်ဘူး မဟုတ်လား?

"ငယ် ဖြေးဖြေးလျောက်လေ စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့..."

စိတ်ထဲထိတ်ခနဲဖြစ်ကာ ရိပေါ် ခြေလှမ်းတွေကို အတတ်နိုင်ဆုံး စိပ်ချလိုက်ရတယ်..။ မမခန္ဓာကိုယ်ထဲ ရှိနေတာကြောင့် ခုချိန်မှာ ကျွန်တော်က Oမ်ရိပေါ် မဟုတ်ဘူး..။ ေယာင်္ကျားတစ်ယောက်ရဲ့ ချစ်ခင်ပွေ့ဖက်မှုအောက်မှာ ရှိတယ့် နူးညံ့တယ့်အမျိုးသမီးတစ်ယောက်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now