Chapter (30)

5.1K 484 53
                                    

##UNICODE ##

Never.....[[ ဘယ်သောအခါမှ ]]
****************************

တစ်နှစ်ဟူသော အချိန်လေးအတွင်းမှာ ခြံထဲမှ မြက်ရိုင်းတွေက ဒူးလယ်လောက်ခန့် ရှိနေကြပြီ..။ ပန်းအိုးအောက်က သော့တံလေးကို အသာဆွဲယူရင်း အိမ်တံခါးကို တွန်းဖွင့်လိုက်သည်..။ ကျွန်တော်တို့မောင်နှမ နှစ်ယောက်ကြီးပြင်းခဲ့တယ့် ေနရာလေးလေ..။

အရေးကြုံမှ နေရာဟောင်းကို သတိရတယ်လို့ပဲ ဆိုရမလား? ဆေးရုံက ပြေးထွက်လာပြီးတယ့် နောက်မှာ ခြေလှမ်းတွေက ဒီအိမ်လေးသို့သာ ဦးတည်သည်.။

ရှုပ်ပွေနေသော အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီနေ့မှ အဖြစ်မှန်တွေ ပေါ်ပေါက်လာခြင်း..။

*ကိုယ်မြင်မြင်ချင်းချစ်ခဲ့တာ တိတိလေးကို*

*ငယ် အမှတ်နဲ့ တိတိလေး စိတ်ဝိညာဥ်နဲ့ ကိုယ်အိပ်စက်ခဲ့ဖူးတယ်*

မဖိတ်ခေါ်ပါပဲ နောက်တစ်ဖန် တိုးဝင်လာတယ့် အစ်ကို့အသံ ညက်ညက်လေးက မျက်ရည်ဥတို့ကို ဖိတ်ခေါ်နေပြန်သည်..။

တကယ်ဆိုရင် ကျွန်တော် တစ်ယောက်တည်း ပင်ပန်းတာ မဟုတ်ခဲ့ဘူးပဲ..။

အဖြစ်မှန်တွေ သိပြီးတယ့် နောက်မှာ ပြောင်းလဲခဲ့တယ့် နာမ်စားက ရှောင်ငယ်တဲ့လား?

အတိတ်တွေကို မတူဆွပဲ အနာဂတ်အတွက်ကျွန်တော်တို့ ရှင်သန်ရအောင်..။

"ရှောင်ငယ်..."

Sofa ပေါ်တစ်သိမ့်သိမ့် ရှိုက်ငိုနေသော မိန်းမငယ်လေးကို သူ အတော်ကြာ စိုက်ကြည့်နေမိတယ်..။ တကယ်ဆို ကိုယ့်ရဲ့လွဲမှားမှုကြောင့် ဒီမောင်နှမ နှစ်ယောက်ရဲ့အသည်းတွေ ကြွေပြုန်းခဲ့ရတာမလား?

"အစ်ကို*Sob "

ကိုကို ဟူသော ခေါ်သံအစား
အစ်ကို ဆိုသော နာမ်စားက အစားထိုးဝင်ရောက်လာခဲ့သည်..။

တသိမ့်သိမ့် တုန်နေသော ကျောပြင်လေးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်စကား ဆိုချင်သော်လည်း လက်တွေ့တွင် မိမိပါ ရောငိုမိသောအခါ..

"ကိုယ်တောင်းပန်ပါတယ် ရှောင်ငယ်  အားလုံး ကိုယ့်အပြစ်တွေပါ "

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now