Chapter (43)

5.3K 547 54
                                    

##UNICODE##

Never.....[[ ဘယ်သောအခါမှ ]]
****************************

ရိချန်းကို ဂူသွင်းတဲ့နေ့ဖြစ်သည်..။ လူကအတော်ကလေး စည်းကားတယ်လို့ ပြောရမလား? သေပန်းပွင့်တယ်လို့ပဲ ဆိုရမလား?

ရိပေါ် မှာ ငူငူငိုင်ငိုင်နဲ့ စကားမေးမရ..။အုတ်ဂူရှေ့မှာထိုင်ရင်း ပြုံးရယ်နေသော ဓာတ်ပုံလေးကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်..။

Oမ်ရိချန်း
အသက် ၂၄ တဲ့..
နင်ထွက်သွားတာ စောလွန်းတယ် မမရယ်၊ တကယ်ပဲ ငါ့ကိုစိတ်ချသွားတာလား? ဒီမောင်လေးက နင့်အပေါ် ဘာ့မှလုပ်မပေးရသေးဘူးလေ..။ ဒီအချိန်မှာ တောင်းပန်ပါတယ်နဲ့ ခွင့်လွှတ်ပါဆိုတဲ့ စကားကလွဲပြီး ငါက ဘာများ လုပ်ပေးနိုင်တော့မှာလဲ?

"အူငဲ..."

"ဟင်!!. ...."

လှည့်မကြည့်ပါပဲ သိနေသည်..။ အစ်ကိုနဲ့ Baby လေးနေမှာ..။ ကလေးကို ဒီလိုနေရာတွေကို ခေါ်မလာသင့်ဘူး မဟုတ်လား?

"ရှောင်ငယ်...မင်းဒူးထောက်နေတာ ကြာ​ေနပြီ နေကောင်းသေးတာလဲ မဟုတ်ပဲနဲ့.."

လေသံဖျော့ဖျော့လေးက စိုးရိမ်သံ စွက်နေပေမယ့် ရိပေါ် မသိကျိုးကျွံ ပြုလိုက်သည်..။ ဗြဲခနဲအော်ငိုသော ကလေးငိုသံက သုသာန်မြေနဲ့ လုံးဝမအပ်စပ်..၊ ထိုင်ရာမှ ဖြေးညှင်းစွာ ထရပ်လိုက်တယ်..။ အစ်ကို့ကိုရော က​ေလးကိုရော ယောင်လို့တောင် စောင်းမကြည့်မိဘူး..။ တောင်းပန်ပါတယ် မမ ငါသူတို့သားအဖကို မုန်းခွင့်ရှိတယ်မလား?

"ရိပေါ်လေး..."

"ကျွန်တော် ပြန်နှင့်မယ် Uncle "

"အင်း..ယဲ့ဖေး လိုက်ပို့ပေးလိုက်..."

အသာတကြည် လက်ခံလိုက်မိတယ်..။ ဒီအချိန်အစ်ကိုက လွဲပြီးဘယ်သူ့ရှေ့မှာ ဖြစ်ဖြစ် သူငိုနိုင်သည်..။ထိုလူသားရှေ့မှာ ကိုယ့်ရဲ့ပျော့ညံ့မှုများကို ထပ်မပြချင်တော့..။

ဖြတ်တောက်မရတဲ့ သံယောဇဥ်နဲ့ ချစ်ချင်းတရားတွေက မမသေဆုံးမှုနဲ့အတူ ပြတ်သုန်းသွားပြီ ထင်ပါရဲ့...။သို့ပေမယ့် မုန်းတယ်လို့ရေရွတ်လိုက်တိုင်း ကိုယ့်လိပ်ပြာ ကိုယ်သိပ်မလုံချင်၊ ဒါပေမယ့် သေချာတယ် အစ်ကို့ကိုအရင်ကလောက် မချစ်တော့ဘူး..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now