Chapter (28)

5K 498 41
                                    


## UNICODE ##

Never....[[ ဘယ်သောအခါမှ ]]
****************************

ဒီနေ့က Sunday ဖြစ်တာကြောင့် ရှောင်းကျန့် မှာ အိမ်၌သာရှိနေခဲ့သည်..။ နတ်ဆရာမပြောသော အစီအရင်အတိုင်း တစ်သွေမတိမ်း လိုက်နာရန် တစ်ခုခုကိုအသည်းအသန် ရှာဖွေနေတာမို့ အိမ်ကြီးထဲမှာ တစ်ယောက်တည်း ပတ်ပြေးနေသလို..။

Uncle နဲ့ ငယ် က ဆေးရုံကိုသွားလို့သာပဲ.. မဟုတ်ရင် ခုလိုပျာယာခတ်နေတယ့် ကျွန်တော့်ကိုကြည့်ပြီး ဘာဖြစ်တာလဲလို့ မေးမှာမုချပင်..။

"ဘယ်နားမှာ သိမ်းထားတာလဲကွာ ဟိုတစ်ခါက ပြောပြပါတယ် ငါပဲ အမှတ်မှားတာလား?"

မွေးစာရင်း...။
သူတို့မောင်နှမနှစ်ယောက်ရဲ့ မွေးဖွားချိန် အတိအကျကို သိရပါမှ အစီအရင်ကပို၍ အစွမ်းထက်မည်တဲ့..။

နောက်လိုအပ်သည်က..
ေခြသည်း
လက်သည်းနှင့် အသုံးအဆောင်ပစ္စည်းတစ်ခုခု..နောက်ပြီး ဆံပင်နဲ့သွေးစက်အနည်းငယ် လိုအပ်ခြင်းသာ..။

"ဘယ်မှာများထားတာပါလိမ့်..."

မီးခံသေတ္တာပါ မက ရှိသမျှအံဆွဲတွေကိုပါ ရှာကြည့်ပြီးသွားပြီ..။
လုံးဝကိုမတွေ့ဘူး..။
အဝတ်ဗီရိုထဲရော..၊ ကုတင်အောက်ကိုပါ ကြည့်ပြီးပြီ..သို့ပေမယ့် ရှာလို့မတွေ့ဘူး..။

"ဟင်း.."

စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ထိုင်ချလိုက်ခါမှ...စာကြည့်စားပွဲအောက်က ကတ်ထူဘူးလေးကိုမြင်သည်..။ ဒါက ငယ် ဒီအိမ်ကိုရောက်လာကတည်းက တယုတယပွေ့ပိုက်လာတယ့် ဘူးလေးပဲ..။

သိချင်စိတ်ကိုတားဆီးမရနိုင်..။
ဘူးဖုံးကို ဖွင့်ကြည့်လိုက်တော့..မိသားစုဓာတ်ပုံလေးက ဆီးလို့ကြိုနေသည်..။ အမြွှာနှစ်ယောက်က ၅ နှစ်အရွယ်လောက်သာ ရှိပြီး သက်လတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်က တစ်ယောက်စီကိုချီထားလျက်..။

ငယ် ပြဖူးလို့သူဒီပုံကိုမြင်ဖူးတယ်..။ ထို့နောက် တစ်ဆင့်ဆင့် အရွယ်ရောက်လာသော မောင်နှမနှစ်ယောက်က အလယ်တန်းကျောင်းဝတ်စုံ၊ အထက်တန်းကျောင်းဝတ်စုံနှင့်ဖြစ်ကာ နောက်ဆုံးပုံကတော့ ငယ် ဘွဲ့ယူတုန်းက ဓာတ်ပုံဖြစ်သည်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now