Chapter (44)

5.4K 567 31
                                    


##Unicode##

Never.....[[ ဘယ်သောအခါမှ ]]
"""""""""""""""""""""""""""""""""

လက်ပတ်နာရီကို ကြည့်လိုက်၊ ဧည့်ခန်းထဲမှာခေါက်တုံးခေါက်ပြန် လမ်းလျှောက်လိုက်လုပ်နေတဲ့ ရှောင်းကျန့်ပုံစံက တစ်ခုခုကို ချိတုံချတုံ ဖြစ်နေပုံပင်..။မနေနိုင်တယ့်အဆုံး ရှောင်းမုချီမှာ ဝင်ပြောရတော့သည်..။

"ရိပေါ်လေး ဒီနေ့ထွက်သွားတော့မှာလေ၊ ​သွားမတွေ့ဘူးလား?"

"မသွားတော့ပါဘူး ယဲ့ဖေးလိုက်ပို့မှာပဲလေ၊ နောက်ပြီး ရှောင်ငယ်က ကျွန်တော့်ကို တွေ့ချင်မှာ မဟုတ်ဘူး.."

ေလးလေးပင်ပင် စကားသံတွေဟာ ခဲဆွဲခံထားရသလို ထုနဲ့ထည်နဲ့..၊ စိတ်မပျော်သော်လည်း ပုခက်ပေါ်က ကလေးငယ်ကိုမြင်သောအခါ နှုတ်ခမ်းပါးတို့က တွန့်ကွေးကုန်ကာ ရင်းနှီးစပြုနေသော နာမ်စားကလဲ ပါးစပ်ထဲ အစဥ်တကျ...

"သား..ရိဟော်.."

နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ကလေးငယ်ကိုကြည့်ရင်း မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်တို့က မဖိတ်ခေါ်ပါပဲနဲ့..။

"Daddy က သားကိုချစ်တယ်နော်.."

မျက်နှာလုံးလုံးလေးကို ခပ်ဖွဖွနမ်းရှိုက်တော့ ဆားငန်ရည် အချို့သည် ရိဟော်မျက်နှာပေါ်သို့ စိုးလူးကုန်သည်..။ Daddy အနားမှာ သားရှိနေသေးလို့ ဖြေသာနေတာ..။

တစ်ဖက်တွင်လဲ လေဆိပ်မှာ စကားအချေအတင်းများနေသော လူရွယ်နှစ်ယောက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တစ်ဖက်တွင်လဲ လေဆိပ်မှာ စကားအချေအတင်းများနေသော လူရွယ်နှစ်ယောက်...

"ကျစ်!  Canada မှာပဲ တစ်သက်လုံး နေနေလိုက်တော့.."

ယဲ့ဖေးရဲ့ဆူအောင့်အောင့် အပြောကိုရိပေါ့်မှာ ခပ်ဖွဖွပြုံးပြီး..

"အချိန်တန်ရင် ပြန်လာမှာပေါ့ Dr ယဲ့ဖေးရာ"

"အေး..ဟန်ဆောင်တုန်းကလို ယဲ့ကော လို့ခေါ်တော့ ဘာဖြစ်မှာလဲ? မင်းပါးစပ်က အစ်ကိုလို့ တဖွဖွခေါ်နေတဲ့ ငကျန့်ထက်တောင် ငါကခြောက်လကြီးတာနော် သိဘို့.."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now