Chapter (21)

4.6K 447 49
                                    

[[ UNICODE ]]

Never....{ဘယ်သောအခါမှ }
•••••••••••••••••••••••••••••••••

Breakfast တစ်ခါမှ မလုပ်ပေးဖူးတာကြောင့် ရိပေါ်မှာ နဝေတိမ်တောင်နဲ့ မီးဖိုချောင်ထဲ ပျာယာ ခတ်နေတော့တယ်..။

အမှိုက်ပုံးထဲကို တစ်ချပ်ပြီးတစ်ချပ် ခုန်ဆင်းသွားတယ့် ပေါင်မုန့်ချပ်တွေက ဘယ်နှစ်ချပ်ရှိပြီလဲ ရိပေါ် မသိတော့..။ အိုးပူပူကို လက်အိတ်မဝတ်ပဲ ​ကိုင်မိပြန်တော့ လက်ညှိုးထိပ်မှာ ချက်ချင်းဖောင်းကြွလာတယ့် အရည်ကြည်ဖုကြီးက ကြောက်စရာ..။ ဟင်း..မလွယ်ပါလား?

ကျွန်တော့် လက်တွေထက် မမလက်တွေကပိုလှတယ်..။ လက်သည်းရှည်လေးကို တိတိရိရိ ပုံဖော်ထားပြီး ပန်းဆီရောင်လက်သည်းနီလေးက လက်ထပ်လက်စွပ်လေးကြောင့် ပိုကာ အရောင်တောက်နေသလို..။

ဪ...ဒီလက်စွပ်ကို မြင်တော့လဲ ပြုံးမိသား၊ ကျွန်တော် ကိုယ်တိုင် မမအတွက်(အတိုင်း)လုပ်ပေးခဲ့ရတယ့် လက်စွပ်ပဲ ။ အတွေးတွေ များနေလိုက်တာ ေညှာ်နံ့ရမှ သတိရတော့တယ် ပေါင်မုန့်ရော ကြက်ဥပါ နောက်တစ်ခါ မဲချိတ်သွားပြီပဲ..။

နောက်ဆုံးတော့ စားလို့ရနိုင်တယ့် ပေါင်မုန့်ကြက်ဥကြော်နဲ့အတူ သူ့နဖူးမှာ ချွေးတွေစို့လို့...။ ဟူး ခက်ခဲလိုက်တာ..

"ချန်းအာ.."

"ဗျာ...အမ်..ရှင် "

ကျစ်!ဒီလောက် သတိထားနေတယ့်ကြားမှ ခုလို ကပေါက်တိ ကပေါက်ချာ စကားသံ ​ေတွဘာလို့ ထွက်သွားရတာလဲ? ရိပေါ်မှာ မျက်နှာထားကို ထိန်းရင်..နောက်ဘက်ကိုအသာလှည့်ကြည့်သည်..။

"Uncle ငယ့် ကိုဘာပြောချင်လို့လဲ?"

ရှောင်းမုချီ က လက်ထဲမှ မှန်ကွဲနေသော Phoneကို ထောင်ပြလာရင်း...

"မနေ့ညက ရိပေါ်လေး သူငယ်ချင်းတွေ Phone ဆက်တယ် လုယွမ်နဲ့လျှိုမင်တဲ့"

မှန်ကွဲနေတယ့် မိမိဖုန်းလေးကို ကြည့်ပြီး ရင်ထဲမကောင်းလှ၊ လုယွမ်တို့ Phone ဆတ်တယ်ဆိုတော့ ကိုယ့်အခြေအနေကို သူတို့မသိသေးတာ ကျိန်းသေသည်။

"Uncle က ရိပေါ်လေး အခြေအနေကို ပြောပြလိုက်တော့ သူတို့ကြည့်ရတာ အရမ်းစိတ်ပူနေသလိုပဲ..၊ ချန်းအာ နဲ့ Video Call ဖြစ်ဖြစ် ပြောချင်တယ်တဲ့.."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now