Chapter (46)Ending

9.6K 728 197
                                    

##Unicode##

Never.....[[ ဘယ်သောအခါမှ ]]
****************************
🚨ဇာတ်သိမ်းပြီနော်

ဒီ​ေန ့နေ့လည် 2 နာရီမှာ Canada သွားမယ့်ခရီးစဥ်ကို ရှောင်းကျန့်ဖြတ်ထားပြီးပြီ..။ သို့ပေမယ့် ဒီနေ့က သားလေးမွေးနေ့ဖြစ်တဲ့အပြင် ငယ့်ရဲ့ နှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့..၊

သားငယ်လေးကို Suit ပိစိလေးဝတ်ပေးတော့ ပုလုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းသည်..။ ေမွးနေ့ပွဲက ညနေမှလုပ်မှာ ဖြစ်ပေမယ့် ခုကသူ့အမေဆီကို လိုက်ပို့ပေးမလို့...။

တစ်နှစ်ပြည့်တုန်းက သားလေးချူချာလို့ ငယ့်အုတ်ဂူဆီကို မခေါ်သွားဖြစ်ဘူး ၊ ဒ​ီတစ်ခါတော့ ခေါ်သွားမှဖြစ်မည်..ငယ် မင်းရဲ့သား ရိဟော် ဘယ်အရွယ်ရောက်ပြီလဲဆိုတာ မင်းကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ..။

နာရီကိုကြည့်လိုက်တော့ ၁၀ နာရီတောင်ထိုးခါးနီးပြီ..၊ သားငယ်ကို ကားပေါ်တင်ရင်း Suitcase ကိုပါကားနောက်ခန်းဆီ အတင်းထိုးထည့်ရတယ်..၊ သုသာန်ကအပြန် လေဆိပ်ကိုတစ်ခါတည်း တန်းသွားမှ မှီတော့မှာ..၊ Uncle နဲ့ ယဲ့ဖေးကတော့ သားငယ်ကိုပြန်ခေါ်သွားဖို့အတွက် လေဆိပ်မှာကြိုစောင့်နေလိမ့်မည်..။

ရိဟော် ရဲ့ ပါးဖောင်းဖောင်းလေးတွေကို နှာခေါင်းမြုပ်အောင် ဖိကပ်နမ်းရှိုက်ရင်း..

"သားနဲ့ ခဏတော့ခွဲရမှာပေါ့ အပြန်ကျရင် သား ပါးပါးကို ရအောင်ခေါ်လာခဲ့မယ်.."

သားငယ်က ရင်ခွင်ထဲကသာ မျက်လုံးဝိုင်းလေးများနဲ့ ကြည့်နေရှာတယ်..။ အဲ့မျက်လုံးတွေက ဘယ်သူနဲ့တူမှန်း ခုမှသေချာသွားတာ..ငယ် နဲ့မတူဘူး ရှောင်ငယ်နဲ့တူတာ..။

စစချင်း ငယ်တို့အိမ်ကိုသွားတုန်းက အဲ့လိုမျက်လုံးဝိုင်းလေးတွေနဲ့ ရှောင်ငယ်က ပြူးကြည့်နေခဲ့တယ်..။

ကလေးကစားကွင်းမှာ ငိုနေတုန်းကလဲ တိတိလေးလို့ ခေါ်လိုက်တော့ ခုလိုပဲပြူးကြည့်နေတာ...။

မိုးရေထဲမှာ ဘောလုံးလုကန်တုန်းကလဲ မိုးစက်တွေကြားမှာ သူ့ကိုအံ့ဩစွာကြည့်ခဲ့ဖူးသည်..။

စွေ့ကနဲ ပွေ့ချီစဥ်ကလဲ အစ်ကိုဆိုပြီး ရင်ခွင်ထဲကနေ ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေသေးတယ်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now