Chapter (10)

3.8K 372 6
                                    

Unicode

Never....{{ ဘယ်သောအခါမှ }}

ဒီနေ့အတွက်တော့ ညစာကို ရှောင်းကျန့်က တာဝန်ယူထားတာမို့ိ ရိပေါ်တို့ မောင်နှမနှစ် ယောက်မှာ ဧည့်ခန်းထဲမှာ စကားစမြည်း ပြောနေကြသည်..။Uncle ကိုတော့ အားလုံး
ချက်ပြုတ်ပြီးစီးမှပဲ ညစာစားဖို့ သွားခေါ်တော့မယ်..။

"တိတိ ဒီမှာကြည့်စမ်း!! ခိခိ အဟိ"

Phone Screenပေါ်က ဓာတ်ပုံတစ်ပုံကြာင့် ရိပေါ်သွေးတွေ ဆောင့်တိုးကုန်ကာ အသံ တွေတောင် တုန်ကုန်သည်..။

"မမ နင် နင် ဘာလုပ်တာလဲ ? အဲ့ပုံကိုဘာလို့မဖျက်ရသေးတာလဲ ဘာလို့ခုချိန်ထိသိမ်းထားရတာလဲ ? အစ်ကို့ကိုရော ပြလိုက်သေးလား? ဟမ် ..!!!"

တရစပ်ထွက်လာတယ့်"?" မေးခွန်းများစွာအတွက် အဖြေက ခေါင်းယမ်းခြင်းနဲ့သာ အဆုံးသတ်သည်..။ ရိချန်းက ဓာတ်ပုံထဲမှ ရွှေရောင်ဆံပင် ဂုတ်ဝဲနှင့် Cuteဖြစ်နေသော မိန်းကလေးပုံကို ကြည့်ကာ တစ်ခွီးခွီးထပ်ရယ်ပြန်သည်..။ သူမကြည့်ရတာ ထိုပုံအား အတော်လေး နှစ်သက်ပုံပင်..။

ရိချန်းက ရယ်နေသလောက် ရိပေါ်မျက်နှာ ကတော့ မဲ သထက် မဲလာကာ..

"မမ..နင်ကတော့ ဟာ!!"

"တိတိ ကလဲ ဒီပုံကိုကြိုက်တယ့် သူကိုသွားပြလိုက် ဝမ်ရိချန်းလို့ဖြေမလား? ဝမ်ရိပေါ်လို့ ဖြေမလား "

ရိပေါ်က ဟွင်းခနဲနှာမှုတ်ရင်း...

"ကျိန်းသေ ဝမ်ရိချန်းလို့ပဲ ဖြေမှာပေါ့ ကျွန်တော်က မိန်းကလေးလို ဝတ်ထားတာလေ နောက်ပြီး လည်ဇလုပ်ကိုလဲ မာဖလာနဲ့ကွယ်ထားတော့ မမြင်ရဘူး"

"အင်းနော် အဲ့နေ့က မှတ်မှတ်ရရပဲ ခစ်ခစ် .၊ တိတိလေးက တကယ့်ချစ်ဖို့ ကောင်းနေတာဆို၊ လိမ်မပြောဘူး မမတကယ် ပြောနေတာ"

နှုတ်ခမ်းနှစ်လွှာကို ဘောင်ဘင်ခတ်အောင် မဲ့ရွဲ့ပြီး ရိပေါ်မှာ အစ်မဖြစ်သူကို စောင်းကြည့်သည်..။ အဲ့ချိန်ကတည်းက ဆံပင်အရှည်ကို မထားတော့တာ မေ့နေတာဖြင့်ကြာလှပြီ ..ခု မှအစ လာဖော်ရသလား? မဖြစ်သာလို့သာ ဝတ်လိုက်ရတယ် လုံးဝ စိတ်ပါတာမဟုတ်ဘူး..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now