Chapter (31)

4.8K 482 39
                                    


##UNICODE ##

Never.....[[ ဘယ်သောအခါမှ ]]
****************************

"ကျွန်တော် ဆံပင်နဲ့ သွေးလိုတယ်ဆို  ဘာလို့မယူသေးတာလဲ?"

ရှောင်းကျန့်မှာ ခုတစ်လော ခေါင်းရှုပ်နေတာမို့ စားသောက်ချိန်တောင် မမှန်ပေ..၊ ရုတ်တရတ်မေးလိုက်သော မေးခွန်းကြောင့် ညစာချက်ပြုတ်နေရင်းမှ ဘေးကိုအသာငဲ့ကြည့်လိုက်ပြီး..

"မွေးတဲ့နေ့ရဲ့ အချိန် အတိအကျမှာ အဲ့ဒါတွေ လုပ်ရမယ်လို့ နတ်ဆရာမကြီးက မှာလိုက်တယ်..၊ အစီအရင်ကတော့ ဘယ်နေ့ပဲဖြစ်ဖြစ် ည ၁၂ နာရီတိတိတဲ့.."

"အဲ့လိုလား??"

"ဟုတ်တယ် ရှောင်ငယ် နောက်ပြီး သူက အခု ပေကျင်းမှာမရှိဘူး၊ ကိစ္စတစ်ခုကြောင့် နယ်ဘက် ရောက်နေတယ်တဲ့.."

"ဪ..."

ထိုရေရွတ်သံအတွင်းမှာ ပျော်ရွှင်ခြင်းက အနည်းငယ် ကပ်ပါသွားသလို..၊ အစ်ကို့အနားမှာ တစ်ရက်ဆိုရင် တစ်ရက် ပိုပြီးနေချင်ပါတယ်၊ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်​နေမိရင်း..

"အာ အစီအရင်ကို Tues day မှာလုပ်မှဖြစ်မှာပေါ့ ကျွန်တော်တို့မောင်နှမ က အဲ့နေ့မွေ​း တာလေ.."

ရှောင်းကျန့်မှာ အင်း ဟုသာ အသံပြုလိုက်ပြီး ဝက်သားဖက်ထုပ်ကို ​ဆက်ချက်နေသည်..။ ရိပေါ်မှာသာ စပ်စပ်စုစုနှင့်..

"ဝက်သား ဖက်ထုပ်လား? ကျွန်တော် အရမ်းကြိုက်တယ်.."

"အင်း...အဲ့ဒါကြောင့် ကိုယ်ချက်နေတာ ငယ် Diary စာအုပ်ထဲမှာ ရှောင်ငယ့်အကြောင်းတွေကို ရေးထားတယ်လေ.."

ပေါ့ပါးနေသော စိတ်အာရုံတို့သည် မှိုင်းညို့ခြင်းဆီသို့ ဦးတည်သွားကာ မီးဖိုချောင်ထဲမှ ချာခနဲ လှည့်ထွက်ရန် ပြင်မိသည်..။ သို့ပေမယ့် နောက်ကို ပြန်လှည့်ကြည့်ပြီး..

" ဘယ်မှာလဲ အဲ့စာအုပ် ကျွန်တော်ဖတ်ကြည့်ချင်တယ်.."

"ဒါပေမယ့်..."

"ကျွန်တော့်ကိုဘာတွေ လျှို့ဝှက်ထားဦးမလို့လဲ? မမ ရဲ့ ခံစားချက် နည်းနည်းလေးတောင် ကျွန်တော် သိခွင့်မရှိဘူးလား?"

ထိုသို့ ချုပ်ပြီးတုတ်ပြီး မေးလာသောအခါ ရှောင်းကျန့်မှာ လိုက်လျောရုံသာ တတ်နိုင်တော့သည်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now