Chapter (36)

5.1K 545 35
                                    

##Unicode##

Never.....[[ ဘယ်သောအခါမှ ]]
***************************

အခန်းတံခါးကိုဖွင့်ရန် ပြင်နေသော ရှောင်းကျန့် လက်တစ်ဖက်ကို ရိချန်းမှာ ဆတ်ခနဲရိုက်ချလိုက်ပြီး ...

"ဘာလို့ တိတိအခန်းထဲဝင်ဖို့ လုပ်နေတာလဲ?"

"ကိုယ်.."

"ေတာ်ပြီ အကြောင်းပြချက်မပေးနဲ့  နှစ်ယောက်စလုံးကို မရနိုင်ဘူးလို့ ငယ် ပြောခဲ့ပြီးသားပါ  ကိုကို က သိပ်လွန်တာပဲ.."

တုံ့ပြန်စကားတို့မရှိ.. ငယ် ပြောတာလဲ မှန်နေတာပဲလေ..။ ထို့ကြောင့် မျက်နှာငယ်လေးနဲ့ အခန်းရှေ့မှာသာ ရပ်နေမိတယ် ။

ရိချန်း မှာ အခန်းထဲဝင်ရန် ခြေလှမ်းပြင်နေစဥ် လှပ်ခနဲပွင့်သွားတဲ့ တံခါးချပ်..။ ထို့နောက်မှာ​ေတာ့ အိပ်မှုန်စုန့်မွှားနဲ့ ချစ်စဖွယ်ကောင်လေးတစ်ယောက်က တဝါးဝါးသမ်းကာ အခန်းထဲက ထွက်လာသည်..။

သူ့ပုံစံက အနည်းငယ် အံဩသွားသည့်ဟန်..၊ ပြီးနောက် မျက်လုံးကို လက်နှင့်ပွတ်ရင်း..

"ကျွန်တော့် အခန်းရှေ့မှာ အစ်ကိုနဲ့မမက ဘာလုပ်နေကြတာလဲဟင်!"

"အာ..နေမြင့်နေပြီလေ မမ က တိတိကို ခုပဲလာနှိုးမလို့ လုပ်နေတာ.."

ရိချန်း က လျှင်မြန်စွာပင် အဖြေပေးလိုက်သော်လည်း ရှောင်းကျန့်မှာတော့ ထိုကောင်လေးကိုသာ ငေးမောနေရင်း ရင်ဘတ်ကအဆမတန် ခုန်ပေါက်လို့လာတယ်..။

"အာ...ဟုတ်သားပဲ ဒီနေ့က ရုံးပိတ်ရက်ကို.. မနေ့က ကျွန်တော်နည်းနည်း မူးသွားတာကို ခွင့်လွှတ်နော်  အဖော်ကောင်းလို့ သောက်ဖြစ်သွားတယ်.."

ရိ​ေပါ်မှာ ထိုသို့ကျိုးကြောင်း ဆီလျော်စွာရှင်းပြနေသော်လည်း ရှောင်းကျန့်စိတ်ထဲတွင်တော့ မရိုးမယွဖြစ်လျှက်ရှိသည်..။

မနေ့က ယဲ့ဖေးကျောပေါ်မှာ ဖရိုဖရဲဖြစ်နေသော ရှောင်ငယ်ပုံစံ..၊ နောက်ပြီး ယဲ့ဖေးက ပြန်ခါနီး ကိုယ့်ကို ဘုကြည့် ကြည့်သွားသေးသည်..။ ဘယ်အချိန်ကများ ရှောင်ငယ်နဲ့ Club အတူတူသွားတဲ့ အထိတောင် ရင်းနှီးသွားရတာလဲ?

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now