Chapter (9)

4.1K 373 5
                                    

Unicode

Never
_______

သူ က စကားပြောနေတယ်..။

ိကိုယ်က ခေါင်းညိမ့်ပြီး ထောက်ခံပေးတယ်..။ စကားသံတွေက ကြားတစ်ချက် မကြားတစ်ချက်ပဲ မျက်ခုံး တန်းတန်းလေးရယ် မျက်တောင် ကော့ကော့လေးရယ် နှာတံမနိမ့်မမြင့်လေးရယ်က ကြည့်ကောင်းနေရောပဲ၊ ရှောင်းကျန့်က မေးထောက် ငေးနေသော်လည်း ရိချန်း ကမူ ဥပေက္ခာပြုထားကာ မသိကျိုးကျွံပြုရင်း သူ့အလုပ်သူ ဆက်လုပ်နေသည်..။ မင်းက တော်တော် အသဲမာတာပဲ ငယ်...။

"Boss..ဒါကမနက်ဖြန်တွေ့ရမယ် Partner List ပါ၊ နေ့လည် 2နာရီမှာ Shine Limited ရဲ့ CEO နဲ့တွေ့ရပါမယ်.."

စားပွဲပေါ်ကို Fileလေးတင်ပြီး ထိုစကားများကိုနှုတ်တိုက် ရွတ်ပြသွားသူက ကျွန်တော့်ရဲ့ ချစ်ရပါသော Secretary လေး..။

ရှောင်းကျန့် မျက်နှာသည် အို နေရာမှ ဂျုံး ဂျုံးကျသွားခဲ့သည်။ ငယ်က အလုပ်ထဲမှာဆို အမြဲတမ်း မျက်နှာကြောတင်းရုံ မကဘူး..။ ခုတော့ လေသံပါ တင်းလာသည်။ ဝတ်ထားတာကလဲ တကယ့်ကို အထာကျကျ Pro ဆန်ဆန်..။

အကျီလက်ကတော့ ရှည်ပါတယ်၊ ဒါပေမယ့် လည်ပင်းက တအားဟိုက်နေတာက ဘာစတိုင်လဲ? ပြောလိုက်ရင် တော့ Fashion ရေ စီးကြောင်းတဲ့..။ အလှတရားတွေကို အိတ်သွန်ဖာမှောက် ချပြနေတော့တာပဲ မနိုင် တော့လဲ လွှတ်ထားရတာပေါ့..။

ဒူးကျစကတ် နို့နှစ်ရောင်လေးကလဲ ပိန်သွယ် သွယ်ကိုယ်လုံးလေးမှာ ချပ်ချပ်ရပ်ရပ် ရှိနေပြီး စီးထားတယ့် Hight heel ဖိနပ်ကိုပါပေါင်းလိုက်ရင်တော့ ဟူး.. သက်ပြင်းပဲ ချနိုင် တော့တယ်..။

"Boss ငယ်ပြောတာ ကြားရဲ့လား မသိဘူး"

ရှောင်းကျန့်က ခေါင်းကို ဖွဖွကုတ်ကာ "အာ"ဟုအသားလွက် ရေရွတ်လိုက်ပြီး..

"ကိုယ်မကြားလိုက်ဘူးငယ်..ဟီး.."

သူမဆီက မျက်စောင်းတစ်ချက်သည် ရှောင်းကျန့် ရင်ခွင်ထဲသို့ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဒိုင်းခနဲ ၊ ထို့နောက် ပြောပြီးသား စကားများသည် နောက်တစ်ကြိမ် ရေရွတ်ခြင်းဆီသို့..

"မနက်ဖြန် Shine အ"

ထိုအချိန်မှာပဲ နာရီလက်တံက 12 နာရီတိတိကို ညွှန်ပြနေတာကြောင့် ရှောင်းကျန့်မှာ ငါးခူပြုံးပြုံးရင်း ဘေးမှာမတ်တပ် ရပ်နေသော ဘိုမရုပ်ကလေးကို ပေါင်ပေါ် ဆွဲတင်လိုက်သည်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now