Chapter (11)

4.1K 361 6
                                    

Unicode

Never ( ဘယ်သောအခါမှ)
_________________________

ဘာလိုလိုနဲ့ ရိပေါ် China ကိုရောက်တာ တစ်လနီးပါး ရှိနေပြီ..။ ဟိုရက်တုန်းကတောင် လျှိုမင် Phone ဆတ်သေးတယ် ၊ သူကကျွန်တော့်ကို Chinaမှာ မိသားစုတွေနဲ့ အလွမ်းသယ်တယ် ထင်နေတာ..။

တကယ်တော့ ကျွန်တော်က အိမ်ကြီးထဲမှာ အကျယ်ချုပ် မိနေတာ ၊ စာကြည့်ခန်းထဲမှာ စာအုပ်တွေ အပြည့်နဲ့မို့ ကိုယ့်မှာ အပြင်လဲထွက်လို့မရ..။

Uncle ကိုတစ်ယောက်တည်း မထားခဲ့ချင်ပြန်ဘူး၊ အိမ်စေတွေ ရှိပေမယ့် ကိုယ် china မှာ ရှိတယ့်အချိန် Uncleကို ပြုစုပေးချင်သေးတယ်..။

ဒါပေမယ့် ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲ၊ Uncle က အပြင်ကို ထွက်မလည်ဘူးလားလို့ မေးလာတာကြောင့် ငြင်းမနေတော့ပဲ ခြေဦးတည့်ရာ ထွက်လာလိုက်တယ်..။

ကားစီးရတာထက် တွေးရင်း ငေးရင်း လမ်းလျှောက်ရတာကို ပိုကြိုက်တယ်..။ လမ်းလျှောက်ရင်းနဲ့ မုန့်စားရတာကို ပိုပြီးနှစ်သက်တယ်..၊ ခုလည်းလက်မှာ Chocalate ice-cream လေးနဲ့လေ...

"ဟိတ် တိတိ "

"အမ်!!!"

လှည့်ကြည့်စရာ မလိုပါဘူး၊ ကျိန်းသေအစ်ကိုပဲပေါ့၊ ဒီအချိန်Companyမှာ ရှိသင့်တယ် မဟုတ်ဘူးလား?

ရိပေါ်မှာ ကိုယ့်စိတ်ကို ပြင်ဆင်ပြီး ဘေးကို အသာ စောင်းကြည့်လိုက်သည်..။ ရှောင်းကျန့်မှာ ကားပြတင်းပေါက်မှ ခေါင်းပြူပြီး ယောက်ဖလေးအား ပြုံးပြနေသလို Car-Driverမှာလဲ Boss မိန်းမနဲ့ တူလွန်းတယ့် ထိုကောင်လေးကြောင့် မျက်ခုံးတွေ မြင့်တက်သွားခဲ့တယ်..။

"အစ်ကို ဘယ်သွားမလို့လဲ မမရော "

"ဟင့်အင်း မပါဘူး ငယ်က Company မှာ ကျန်ခဲ့တယ် ကိုယ်က Condo ဆောက်ဖို့ အတွက် မြေနေရာတွေ လာကြည့်တာ"

"အာ..အဆင်ပြေခဲ့ရဲ့လား?အစ်ကို.."

"အင်း ပြေပါတယ် တိတိလေးရဲ့ ဒါနဲ့မင်းလက်ထဲက ice-creamတွေ အရည်ပျော်နေပြီ"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now