"ဒါက ထူးခြားဖြစ်စဉ်တစ်ခုလို မှတ်ယူလို့ရပါတယ် အရမ်းကြီးမစိုးရိမ်ရပေမယ့် ယောက်ျားလေးတစ်ယောက်က ကိုယ်ဝန်ဆောင်ရတာမို့ ဂရုလေးစိုက်ပြီး သတိထားနေဖို့တော့လိုတယ်"
"ဟုတ်ကဲ့ ဆရာ"
"ကျွန်တော် လိုအပ်တာတွေ လုပ်ပေးလိုက်မယ် စာနဲ့လည်း ရေးပေးလိုက်မယ်"
"ကျေးဇူးပါဆရာ"
*ငါ အခု ကိုယ်ဝန် ၂လနဲ့ပေါ့ အိပ်မက်တွေလား။ ငါက ဘယ်လို ကိုယ်ဝန်ဆောင်နိုင်မှာလဲ မိန်းကလေးမှ မဟူတ်တာ။ ကိုိကိုက ပြည်ဖြူပါ့မလား၊ ငါ့ကို မိန်းကလေးတစ်ယောက်လို သတ်မှတ်သွားရင် ဘယ်လိုလုပ်မလဲ......ဘယ်လိုလုပ်ရမလဲ*
သုခ သန့်မှူးကိုကြည့်တော့ မျက်နှာလေး ညှိုးနေသည်မို့ စိုးထိတ်သွားသည်။
*ကလေးငယ်ကို ဘယ်လိုရှင်းပြရမလဲ၊ ကလေးက ကိုယ်ဝန်ဆောင်ရတာ မကြိုက်တာလား မသိဘူး၊ ကလေးကို မမွေးချင်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ*
ဆေးရုံမှ ဆေးတွေယူပြီးနောက် အိမ်ပြန်လမ်းတစ်လျှောက်တွင် စကားမပြောဖြစ်ကြပဲ နှစ်ယောက်သား တိတ်ဆိတ်နေလေသည်။
အခန်းထဲ ပြန်ရောက်ရောက်ချင်းမှာပဲ ကုတင်ပေါ်တက်ကာ စောင်ကို ခေါင်းထိဆဲွဲခြုံကာ လှဲအိပ်နေတဲ့ သန့်မှူးကြောင့် သုခ ဘယ်ကနေ စကားကို စပြောရမှန်းမသိ၊ အခုအခြေအနေက နှစ်ယောက်စလုံးအတွက် ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင် ဖြစ်နေသည်။
ခနကြာတော့ ရှိုက်သံလိုလို ကြာရတာကြောင့် အိပ်နေတဲ့နေရာနားသွားကာ ေစာင်ကို ဆွဲဖယ်လိုက်တော့ အံကြိတ်ကာ ငိုနေတဲ့ သန့်မှူးကို မြင်လိုက်ရသည်။
"က....ကလေးငယ် ဘာလို့လဲ....ဘာလို့ငိုတာလဲ"
"..........."
"ကိုကို့ကို ပြောပါကွာနော် အဲ့လို မငိုနဲ့လေ"
"............."
ဘာမှပြန်မပြော ငိုသာငိုနေတဲ့ သန့်မှူးကြောင့် သုခ ရင်ပူရပြန်သည်။ ဒီကလေးကို မလိုချင်လို့များလား၊ မမွေးချင်လို့များလား၊ ဒါပေမယ့် ဒါဟာ သူတို့နှစ်ယောက်ရဲ့ သွေးသားစစ်၊ ကံတရားကို မျက်ကွယ်ပြုပြီး အဖေနှစ်ယောက်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ ကလေးငယ်လေး......
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ