ထမင်းဝိုင်းတွင်.....
"ကိုကို သား ဒီနေ့ Cafeသွားမလို့"
"သွားလေ ကလေးငယ်၊ ကိုကို လိုက်ခဲ့မယ်"
"မလိုက်ပါနဲ့ ရတယ်၊ ကိုိကို အလုပ်သွားရမှာကို"
"အဲ့အလုပ်က ကလေးလောက်တောင် အရေးကြီးတာမှမဟုတ်ပဲ"
"ဟားးးး ကိုကို့Company ဒေဝါလီခံလိုက်ရတယ်ဆိုပြီး သတင်းတွေ ထွက်နေပါဉီးမယ်"
"ထွက်ပစေကွာ ကလေးငယ်နားမှာ နေရဖို့က အဓိကပဲ"
"ကိုကို့ သဘောပဲ ဒါဆိုလည်း"
"OK "
စားပြီးသည်နှင့် ကလေးငယ်နဲ့အတူ Cafeကို သွားဖို့ ပြင်ဆင်လိုက်သည်။
"နေလင်း ဒီနေ့ Companyကို မင်း တာဝန်ယူလိုက်"
"ဟုတ်ကဲ့ သခင်ကြီး"
"ကျွန်တော်တို့ သွားပြီနော် ဉီးထင်"
"ဟုတ်ကဲ့ သခင်လေး"
"ကလေးငယ် ဘယ်လို ဝတ်လာတာလဲ၊ အေးကအေးနဲ့"
T-shirtကို အပေါ်က လက်ရှည်မပါပဲ ဝတ်ထားလို့ ဆူနေတဲ့ သုခအား သန့်မှူးက နမ်းလိုက်သည်။
"တအားပွားတာပဲ ကိုကိုက"
"အဲ့လို လာနမ်းလို့ မဝတ်ခိုင်းတော့ဘူး ထင်နေလား၊ သွား...အနွေးထည် သွားယူ"
"ကိုကိုကလည်း နည်းနည်း လွတ်လွတ်လပ်လပ်နေချင်လို့ကို"
"မရဘူး အနွေးထည်သွားယူ၊ ကြည့် အပြင်တောင် မထွက်ရသေးဘူး၊ လက်က အေးစက်နေပြီ"
"ဟုတ်ပါပြီ သွားယူလိုက်ပါ့မယ်၊ တကယ်ပါပဲ"
အနွေးထည်ယူပြီး ပြီးဆင်ပြီးတာနဲ့ Cafeကု် ထွက်လာခဲ့လိုက်သည်။ Cafeကို ရောက်တော့
"ကိုကို ထိုင်နေလေ၊ သား လုပ်စရာ ရှိတာ သွားလုပ်လိုက်ဉီးမယ်"
"မထိုင်ပါဘူးဗျာ ကိုကို လုပ်ကူစရာရှိတာ ကူမှာပေါ့"
"ဟီးးးး အဲ့တာဆို သား ကိတ်မုန့်လုပ်တာ လိုက်ကြည့်"
"Okဗျာ"
သုခလည်း သန့်မှူးနဲ့အတူ ကိတ်မုန့်လုပ်ဖို့ သဘောတူလိုက်ပြီး မီးဖိုချောင်ထဲ လိုက်ဝင်သွားသည်။ မီးဖိုချောင်ရောက်တော့ သန့်မှူးနဲ့သုခဟာ အပြန်အလှန် Apronကို ဝတ်ပေးနေကြသည်မို့ သူရက မျက်စောင်းတထိုးထို်းကြည့်နေတော့သည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ