"ကလေးငယ် ထတော့၊ ကိုကို ရေချိုးရဉီးမယ်လေကွာ"
"ဟင့်အင်း...မထနဲ့ သားအိပ်ဉီးမှာ"ဆိုကာ ကျွန်တော့်ကို ဖက်ထားတဲ့ သူ့ရဲ့လက်တွေက ပို၍ပင် တင်းကျပ်လာသည်။
"ထတော့ ကလေးလေးရာ၊ ကိုကို အလုပ်နောက်ကျလိမ့်မယ်"
"........"
"လိမ်မာတယ်လေနော်၊ ကိုကိုနဲ့ လိုက်ခဲ့မလား ဟင်"
"တကယ် လိုက်လို့ရလား"
"ရတာပေါ့ လိုက်မှာလား"
"လိုက်မှာ လိုက်မှာ၊ ဒါပေမယ့် သားက ငြိမ်ငြိမ်နေမှာ မဟုတ်ဘူးနော် လျှောက်သွားနေမှာ"
"ဟုတ်ပါပြီကွာ အခုတော့ ထတော့နော်"
"သားကို အာဘွားပေးဉီး"
"ဟုတ်ပါပြီဗျာ"
ကျွန်တော်လည်း သူ့ရဲ့ ဖောင်းအစ်အစ် ပါးလေးနှစ်ဖက်နဲ့ နှုတ်ခမ်းလေးအား အနမ်ပေးလိုက်တော့ ကျေနပ်ပြုံးတွေ ပြုံးနေလေရဲ့၊ ပြီးတော့ *ကိုကို့ရဲ့ နှုတ်ခမ်းတွေက သူ့အပိုင်ပါတဲ့* ပြီးလည်းပြီးရော မှောက်ရပ်လေး ပြန်အိပ်သွားပြန်သည်။ တနေ့တနေ့ ဒီကလေးလေးတစ်ယောက်နဲ့ ကျွန်တော့်မှာ မရိုးရ၊ နှာဖူးလေးကို အသာနမ်းကာ အလုပ်သွားဖို့ ပြင်ဆင်လိုက်သည်။
"နေလင်း... Companyမှာ စားဖို့သောက်ဖို့ နည်းနည်း ပြင်ဆင်ပေးထားဉီး၊ ဒီနေ့ ဧည့်သည်လာမှာ"
"ဟုတ်ကဲ့ပါ သခင်ကြီး"
"ဉီးထင်....ကလေးငယ်အတွက် ထမင်းချိုင့်လေးကို ပြင်ပေးပါဉီး၊ ကျွန်တော် ဒီနေ့ Companyခေါ်သွားမလို့"
"ထည့်ပေးလိုက်ပါ့မယ် သခင်ကြီး"
ကျွန်တော် မှာစရာရှိတာ မှာပြီးသည်နှင့့် ပြန်အိပ်နေသော ကလေးငယ်ကို နှိုးကာ ပြင်ဆင်ပေးရသည်။ တော်တော် ပျင်းတဲ့ ကောင်လေး၊ အကျီလေး ကျွန်တော် ကိုယ်တိုင် ဝတ်ပေးတာတောင် လက်မြှောက်ဖို့ ပျင်းသည်ဟု ဆိုပြန်သည်။ ကျွန်တော်လည်း အိမ်မှာ နေခဲ့သလို မဟုတ်ပဲ၊ ဒီကောင်လေးကြောင့်နဲ့ အကျင့်တွေ ပျက်နေလေပြီ ဖြစ်သည်။ အပြစ်တော့ မမြင်ပါ၊ ဒါတွေက အချစ်ကြောင့် ပြောင်းလဲလာရတာတွေ မဟုတ်လား။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ