Time Skip
အချိန်ကိုကြည့်တော့ မနက် ၃နာရီ.. နေရာကတော့ ဆေးရုံ
မထင်ထားပဲ ဒီအချိန်ဆေးရုံရောက်နေသည်က သုခရဲ့ အသည်းအသက်လေး သန့်မှူးကြောင့် ဖြစ်သည်။ သုခသာမက နှစ်ဖက် မိသားစုကပါ ခွဲခန်းရှေ့ ရင်တုန်စွာဖြင့် စောင့်နေရသော အခိုက်အတန့်လေးကို ရင်ဆိုင်နေရသည်။
အကြောင်းက သန့်မှူး ဗိုက်နာနေတုန်း အသက်ရှူကျပ်ကာ မေ့မျောသွားသည်အထိ ဖြစ်သွားသည်ကြောင့် ဖြစ်သည်။ Emergency Roomထဲကို ရောက်အောင် သုခမှာ ကြိုးစားခဲ့ရသည်။ အရေးကြီးဆုံးက သန့်မှူးနဲ့ Babyလေးအသက်ရှင်ဖို့ ဖြစ်တာမို့ ဆုတောင်းရုံမှလွဲ ဘာမှ မလုပ်နိုင်။
ဒီ ကိုယ်ဝန်ဆောင် ကာလအတွင်း သန့်မှူးနာကျင်ခံစားခဲ့ရသည်ကို ပြန်မြင်ယောင်လိုက်မိရင် ယောက်ျားတစ်ယောက်ဖြစ်သော်ငြားလည်း မျက်ရည်က ကျလာပြန်သည်။ ခေါင်းငိုက်စိုက်ကာ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ပြင်းပြင်း သုတ်လိုက်သည်။
ထိုစဉ် ခွဲခန်းတံခါး ပွင့်လာ၍ အားလုံးရဲ့ မျက်လုံးတွေက တံခါးဆီတွင်
"Aသေွး ဘယ်သူရှိလဲ Aသေွးလိုအပ်နေလို့ပါ....."
ကပြာကယာပြောလာသော သူနာပြုရဲ့အသံက ေလာနေမှန်း သိသာလှသည်။"ကျွန်တော်.....ကျွန်တော် ပေးပါ့မယ်"
သုခက ဘာမှစဉ်းစားမနေနဲ့ သူပေးမည်ဟု ပြောလိုက်သည်
"ဒါဆို ကျွန်မနဲ့လိုက်ခဲ့ပါနော်"
တခြားအရာတွေတော့ ဘာမှမမေးဖြစ် သွေးထုတ်ဖို့သာ လောနေရတော့သည်။
"အခုလောလောဆယ် ခွဲခန်းထဲမှာတော့ သွေးရှိနေသေးပေမယ့် လိုအပ်လာမှမို့ ကြိုထုတ်ထားတာပါနော်"
သူနာပြုပြောပြတဲ့ စကားတွေကို သေချာနားထောင်ရင်း ကလေးငယ်အဆင်ပြေဖို့ရန်သာ ဆုတောင်းမိတော့သည်။
After 30 minutes
သူနာပြုဆရာမလေးတစ်ယောက် လက်ထဲက ကလေးလေးတစ်ယောက်ကို ချီထားကာ အနှီးလေး အုပ်ထားလျက် ထွက်လာတော့သည်။
"ဒါ ဒါ ကျွန်တော့် သားလေးလား"
"ဟုတ်ပါတယ်ရှင့်"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ