"ကိုကို့ကို စကားလေး ပြောပါဉီးလား ဂျစ်ဂျစ်"
"........."
"အကို စားဖို့အတွက် ရပြီ၊ ကျွန်တော် ကိစလေးရှိလို့....အကုိ စောင့်ပေးမလား"
"ရပါတယ် ညီ"
"ကျွန်တော့်ကို ခွင့်ပြုပါဉီး အကုိ"
"ကောင်းပြီ ညီ"
သူရပြန်သွားတော့ သုခလည်း သူရယူလာခဲ့တဲ့ ဆန်ပြုတ်ကို ပန်းကန်ထဲ သေချာထည့်လိုက်ပြီး ဇွန်းကို ကိုင်ကာ
"ဂျစ်ဂျစ် ဆန်ပြုတ်လေး နည်းနည်းသောက်ရအောင်နော်"
"........"
"ခေါင်းမမာပါနဲ့ အစားမစားရသေးဘူးမလား"
"........."
"ကိုကိုရှိနေလို့ မစားချင်တာလား"
"........."
"အင်းပါ....ကိုကို ထွက်ပေးမယ် စားလိုက်နော်"
သုခ လက်ထဲက ပန်းကန်နဲ့ဇွန်းကို ဘေးက ခုံပေါ်မှာ တင်ထားလိုက်ပြီး ရေတစ်ခွက်ထည့်ပေးလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှထလိုက်ကာ ထွက်သွားဖို့အလုပ် တစ်စုံတစ်ယောက်ရဲ့ ဖမ်းဆွဲထားခြင်းကို ခံလိုက်ရသည်။
"မ သွား နဲ့"
"ကြည့် ငိုနေပြန်ပြီကွာ"
သုခ သန့်မှူးဘေးမှာ ခနဝင်ထိုင်ပြီး မျက်ရည်တွေကို ဖွဖွလေး သုတ်ပေးလိုက်သည်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မျက်နှာလေးဟာ အခုတော့ ဖြူဖျော့လို့ နည်းနည်းလေး ဂရုမစိုက်မိတာနဲ့ ဖြစ်တော့တာပါပဲ။
"မငိုနဲ့ တိတ်....ကလေးလည်း မဟုတ်ပဲနဲ့"
"........"
"စားမယ်မလား ကိုကို ခွ့ံပေးမယ်လေ"ဆိုတော့ ခေါင်းကို အသာ ငြိမ့်ပြသည်
တစ်ဇွန်းစီ ခပ်ကျွေးရင်း ကုန်ခါနီးမှ မစားနိုင်တော့ အတင်းလည်း မကျွေးချင်သည်နှင့် ရပ်လိုက်သည်။
"အိပ်ဉီးမလား"
"ဟင့်အင်း"
"မနက်ဖြန်တော့ ဆေးရုံဆင်းလို့ရပြီတဲ့"
"အခု ဆင်းချင်တာ"
"မရဘူးလေ ဂျစ်ဂျစ်ရဲ့ နေမကောင်းတာတောင် မပျောက်သေးတာကို"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ