အခုဆိုရင် သားပုစိလေးဟာပင် သူငယ်တန်းဆိုတဲ့ ကျောင်းပညာရေးကို တက်ရောက်ရတော့မည်။ ပထမဆုံး ကျောင်းတက်ရမည့်နေ့မို့ သားသားကတော့ ပျော်နေသည်။ အငိုနည်းတဲ့ ပုစိလေးအတွက် အနည်းငယ်တော့ စိတ်အေးရသည်။ သို့သော်လည်း မမြင်နိုင်တဲ့ အရာတွေ ဖြစ်လာမှာကိုတော့ စိတ်ပူသည်။
"သား ကျောင်းရောက်ရင် စာသေချာသင်နော် လိမ်လိမ်မာမာနေ"
"ဟုတ်ကဲ့ ပါးပါး"
"ကိုကို ပစည်းတွေ ထည့်ပေးပြီးပြီလား"
"ပြီးပြီ ကလေးငယ်၊ ဒယ်ဒီသားလေးက ကျောင်းအကျီနဲ့ ကြည့်ကောင်းလိုက်တာကွာ"
"တကယ်လား ဒယ်ဒီ"
ကျောင်းက Privateကျောင်းထားတာမို့ ဝတ်စုံကတော့ အဖြူအစိမ်းမဟုတ်ပဲ အဖြူနဲ့ နက်ပြာဖြစ်သည်။ အဖြူရောင် ရှပ်အကျီထက်တွင် နက်ပြာရောင် လက်ရှည်တစ်ထပ်ပါသလို Necktieပါ တပ်ထားသည်။ ဘောင်းဘီမှာတော့ အသားရောင် ဘောင်းဘီရှည်ဖြစ်သည်။
ကျောင်းဝတ်စုံဝတ်ထားသော သားဖြစ်သူအား ကြည့်ရင်း သုခ စဉ်းစားမိသည်။ မျက်စိရှေ့လေးတွင် အရွယ်ရောက်လာပြန်တဲ့သား၊ အခုဆိုရင် ကျောင်းပင်တက်ရတော့မည်။ ရီလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေးက နှစ်လိုဖွယ်ရာမို့ မြင်သူတိုင်း အသည်းယားကြသည်။
"ကဲ သွားကြမယ်"
သုံးယောက်သား ပြင်ဆင်ပြီးနောက် အောက်ထပ်ကို ရောက်လာတော့ ဉီးထင်ကာ ထမင်းချိုင့်လေးကိုင်ကာ စောင့်နေတော့သည်။
"သခင်ကြီး ပုစိအတွက် ထမင်းချိုင့်"
"ဟုတ် ဉီးထင်၊ ဒီနေ့ အေးဆေးနားကြနော် ကျွန်တော် ကလေးငယ်ကို Companyခေါ်သွားမလို့"
"ဟုတ် သခင်ကြီး"
"လာ ကလေးငယ် သွားမယ်"
သုခသည် ပုစိအား ချီကာ လွယ်အိတ်တစ်အိတ်ကို တစ်ဖက်က လွယ်ထားပြီး လက်တစ်ဖက်ကလည်း ချိုင့်လေးကို ကိုင်ထားသည်။ သန့်မှူးကိုင်မယ်လို့ ပြောသော်လည်း ခွင့်မပြု အကုန်အစအဆုံး သုခကသာ လုပ်သွားသည်။
ကားနားရောက်တော့ သန့်မှူးထိုင်မယ့် ဘက်ကို တံခါးဖွင့်ပေးကာ အရင်ဝင်စေပြီး ပုစိကို သန့်မှူးထံပေးလိုက်သည်။ လက်ထဲက ထမင်းချိုင့်နဲ့ လွယ်အိတ်ကို နောက်ခန်းကို ထည့်လိုက်ပြီး ကျောင်းရှိရာသို့ ထွက်လာခဲ့သည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ