Part 48*

19.8K 1.4K 31
                                    

အချိန်အားဖြင့် ၃ရက်ဆိုတဲ့ အနေအထားကို ရောက်လာခဲ့သည်။ ဘာမှ ထူးခြားသည်မရှိ။ တစ်ခုပါပဲ သုခထက် သန့်မှူးအား စိုးရိမ်နေရသည့် အခြေအနေဖြစ်သည်။

ဒီ၃ရက်အတွင်း သုခရဲ့ Oxygenပိုက်ကို ဖြုတ်လို့ရခဲ့ပြီမို့ အဆင်ပြေလာဖို့သာ မျှော်လင့်ရန်ကျန်တော့သည်။ သန့်မှူးကတော့ သုခဘေးမှာ နေနေသည်က မလှုပ်မရှပ်၊ အရင်က အစားနဲ့ အအိပ်အရမ်းမက်ခဲ့တဲ့ ကောင်လေးက အခုတော့ ကျောက်ရုပ်ကြီးသဖွယ် ထိုင်နေသည်။

အနားမှာနေသော်ငြားလည်း သုခအား တစက်ကလေးမှ သွားမထိချေ။ တခါတရံ တောင်းပန်သံကြောင့် အနားက လူများပင် စိတ်ထိခိုက်ရကာ  တစ်ယောက်တည်း ထားခဲ့တတ်ကြသည်။ ဒီဖြစ်ရပ်ကြောင့် ဒီလူသားနှစ်ယောက်ဟာ ပို၍ နာကျင်ရသည်။

"ကိုကို အိပ်နေတာ ၃ရက်ရှိပြီ၊ သား ကိုကို့လက်မောင်းပေါ်မှာ အိပ်ချင်နေပြီ၊ ကိုကို စိတ်မဆိုးနဲ့တော့လေနော်၊ သား အချိုတွေမစားတော့ပါဘူး စကားလည်း နားထောင်ပါ့မယ်၊ ကတိပေးတယ်"

"............"

"အရမ်းနာမှာပဲနော် အိပ်မက်ထဲမှာဘယ်သူလဲ ပျော်ပါးနေလို့ မနိုးလာရတာလဲ ကိုကို၊ အဲ့အိပ်မက်ထဲမှာရော သားပါလားဟင်၊ ပါလောက်တယ်မလား၊ ဘာလို့ဆို ကိုကိုက သားကို အရမ်းချစ်တာလေ ဟုတ်တယ်မလား"

".............."

"သားသိတာပေါ့ ကိုကို သားကို ဘယ်လောက်ချစ်လဲဆိုတာ၊ ကိုကို နိုးလာရင် သားက ကိုကို့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြမယ်သိလား၊ နားထောင်ချင်တယ်မလား အဲ့ဒါဆို ထတော့နော် မအိပ်နဲ့တော့"

"............."

"ဂျစ်ဂျစ်ကို သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ၊ကျွန်မ သားလေးနှစ်ယောက် နာကျင်နေရပြီ"

"မင်းက အခုလို ငိုနေတော့ သားသိရင် ဘယ်စိတ်ကောင်းပါ့မလဲ သိမ့်သူရယ်၊ ​သားက ပြန်နိုးလာမှာပါ သူ့ရဲ့ ချစ်ရသူတွေအတွက်"

"..........."

"ကိုစိုင်း အဘွားတို့ကို နားခိုင်းလိုက်ချည်၊ ပင်ပန်းနေတော့မယ်"

"ဟုတ်ကဲ့ အကုိတို့လည်း နားလိုက်ပါဉီး၊ကျွန်တော် စောင့်လိုက်ပါ့မယ် ဆရာကလည်း အဆင်ပြေဖို့ မျှော်လင့်လို့ရတယ် ပြောထားတော့"

To Love❤(Complete)Where stories live. Discover now