Part 54*

20.9K 1.4K 47
                                    

"ကျွန်တော်.....ကျွန်တော် တောင်း...ပန်ပါတယ်....ကျွန်တော့်ကို....ကျွန်တော့်ကို....ခိုင်းလို့လုပ်ရတာပါ......အာ့...မလုပ်ပါနဲ့....တောင်း....တောင်းပန်ပါတယ်""

"မင်းကို ဘယ်သူခိုင်းတာလဲ!!!!!!"

"ကျွန်တော့်ကို LUNဆိုတဲ့ တစ်ယောက် ခိုင်းတာပါ၊ ကျွန်တော်....ကျွန်တော် ဘာမှမသိပါဘူး၊ ကျွန်တော့် မိသားစုရဲ့ အကြွေးတေွကို တာဝန်ယူပေးမယ်ဆိုလို့ပါ၊ တကယ် ဘာမှ မသိရပါဘူး၊ တောင်း....တောင်းပန်ပါတယ် ကျွန်တော့်ကို ပြန်လွှတ်ပေးပါ"

သုခ ဆေးရုံတက်နေကတည်းက ဒီကိစကို စုံစမ်းနေသည်။ CCTV မှတ်တမ်းတွေ လိုက်စစ်သော်လည်း မရှိတာကြောင့် တခြားနည်းလမ်းရှာကြည့်တော့ ဆိုင်တစ်ဆိုင်ရဲ့ CCTVကနေ အနားမှာဖြတ်သွားတဲ့ ကားရဲ့ နံပါတ်ကို ယူကာ ရှာခဲ့ရသည်။

ထိုကားရဲ့မှတ်တမ်းတွေကို ကြည့်ပြီး တိုက်သွားတဲ့ ကားရဲ့ နံပါတ်ကို ရခဲ့တာကြောင့် လိုက်ရှာကြည့်တော့ တောရွာတစ်ခုမှာ သွားတွေ့လေသည်။ ထိုကြောင့် အေးဆေး ပူးပေါင်းဖို့ ပြောပေမယ့် မရတာကြောင့် အကြမ်းနည်းသုံးကာ ဝန်ခံဖို့ လုပ်စေခဲ့သည်။

"ရှင်းသွားပြီလား"

"အကို ဒါ...ဒါ....ကျွန်တော်....မဟုတ်ဘူး ကျွန်တော် လုပ်တာ....မဟုတ်ဘူး"

"ဟက်.....သက်သေရှိတာတောင် ငြင်းရဲသေးတဲ့ မင်းကို ငါ အ့ံသြ တယ်၊ ပြော ဘာလို့လုပ်ခဲ့တာလဲ ဘာလို့လဲ!!!!!!"

"ကျွန်တော် အကို့်ကို....အကို့ကို လုပ်တာ မဟုတ်ပါဘူး"

"ဘာကိစ အခုလို လုပ်ရတာလဲ!!!"

"ကျွန်တော်...ကျွန်တော် အကို့်ကို ချစ်လို့"

"ဘာ!!!!!!"

"ဟုတ်တယ် ကျွန်တော် အကို့ကို ချစ်တယ်၊ ချစ်လွန်းလို့ ပိုင်ဆိုင်ချင်တာ မှားလား"

"မင်း ငါက အိမ်ထောင်သည်ဆိုတာ မေ့နေတာလား"

"အကိုတို့က ချစ်ကြကြိုက်ကြလို့ ယူထားတာမှမဟုတ်တာ၊ ကျွန်တော့်မှာ ကြိုးစားပိုင်ခွင့်လေးတော့ ရှိတာပေါ့"

"ငါတို့က ချစ်လို့ ယူထားတာ မဟုတ်ပေမယ့် မင်းထင်ထားတာထက် ပိုလေးနက်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ မင်းမမြင်တာလား"

To Love❤(Complete)Where stories live. Discover now