ကလေးငယ်ကို အိပ်မောကျအောင် သိပ်ပြီးမှ ဆရာဝန်ခေါ်ကာ လိုအပ်တာတွေကို လုပ်ဆောင်ခိုင်းရသည်။ နောက်နေ့ဟာ အားလပ်ရက် ဖြစ်တာကြောင့် အိမ်မပြန်တော့ပဲ ဒီမှာပဲ ခနနေဖို့ဆုံးဖြတ်လိုက်သည်။
"မေမေ ကျွန်တော် အိမ်ခနပြန်ဉီးမယ် အဝတ်အစားနည်းနည်း သွားယူမလို့"
"အော် အေးအေး....သား ဂရုစိုက်သွားဉီး"
"ဟုတ်"
ကျွန်တော်လည်း ကလေးငယ်ကို ထားခဲ့ပြီး အိမ်တစ်ချက် ပြန်လိုက်သည်။
After 1 hour......
ကျွန်တော် နိုးလာတော့ လက်က အောင့်သက်သက်ခံစားချက်ကြောင့် ဆေးထိုးခံလိုက်ရပြီဆိုတာ သိလိုက်သည်။ ပိုသေချာသွားသည်က လက်မှာ ကပ်ထားသော အနာကပ်ပလာစတာလေး။
ကိုကို့ကို မတွေ့တာကြောင့် အိမ်အောက်ထပ်ကို ဆင်းလိုက်တော့ မေမေက ဧည့်ခန်းထဲထိုင်ကာ ချည်ထိုးနေသည်။
"မေမေ"
"နိုးလာပြီလား ခြေထောက်ရော အဆင်ပြေရဲ့လား ဂျစ်ဂျစ်လေး"
"ဟုတ်ပြေပါတယ်"
"သားကိုကိုက အိမ်ခနပြန်သွားတယ် အဝတ်အစား ယူဖို့"
"ဟင် ဘာလို့လဲ"
"သား ဖေဖေပေါ့ ဂျစ်ဂျစ်လေးကို စိတ်မချလို့တဲ့ အားလပ်ရက် ဒီမှာပဲ နေဆိုလို့ ဂျစ်ဂျစ်လေးက မနေချင်လို့လား"
"အာ မဟုတ်ပါဘူး သားက နေချင်ပါတယ် မေမေတို့နဲ့ နေရတော့ ပိုတောင် စားရသေးတယ် ဟီးးးး"
"သား ကိုကိုက မကျွေးဘူးလား"
"နည်းနည်းပဲ ကျွေးတာ ချောင်းဆိုးမှာစိုးလို့ နေမကောင်းဖြစ်မှာ စိုးလို့ ဆိုပြီး"
"ဟုတ်လား မေမေက ဂျစ်ဂျစ်လေးကို အရသာရှိတာတွေ အများကြီး လုပ်ကျွေးမယ် ဟုတ်ပြီလား"
"ဟုတ် ဟီးးးး"
21နှစ်အရွယ် ကောင်လေးကို သားဖြစ်သူနဲ့ လက်ထပ်ပေးလိုက်ရချိန် စိတ်ပူခဲ့သည်။ သားဖြစ်သူဟာ အနေအေးပြီး စကားကိုတောင် ပြောချင်မှ ပြောတဲ့ လူမျိုး ဖြစ်တာကြောင့် ကောင်လေးနှင့် မတည့်မှာ စိုးခဲ့သည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ