Part 10*

38.3K 2.7K 23
                                    

သုခလည်း သန့်မှူးအဖေနဲ့ စကားတွေ ပြောပြီး အိမ်ပြန်ဖို့ လုပ်တော့ ကောင်ငယ်လေးက အိပ်ပျော်နေလေသည်။ ဘယ်နေရာရောက်ရောက် အိပ်ပျော်အောင် အိပ်နိုင်သော ထိုကောင်လေးက ဘယ်လိုလေးပါလိမ့်။

"မောင်သုခ ဒီမှာပဲ တစ်ရက်နေလိုက်ပါလား မြေးကလည်း အိပ်ပျော်နေတယ်"

"ဟို...ရပါတယ် ကျွန်တော် အိမ်ကိုပဲ ပြန်ခေါ်သွားလိုက်ပါ့မယ်"

ကျွန်တော်လည်း အဝတ်အစားတွေ မပါသည်ကတစ်ကြောင်း၊ လူကြီးတွေ ဝန်ထုတ်ဝန်ပိုး ဖြစ်မှာစိုးတာကြောင့်ရော အိမ်ကိုပြန်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ကျွန်တော်လည်း အဘွားကို သေချာ နှုတ်ဆက်ပြီး ဂျစ်ဂျစ်ကို ကားထဲ သေချာသိပ်ကာ အိမ်ပြန်လာခဲ့သည်။

အိမ်ရောက်တော့ ထုံးစံအတိုင်း လုပ်စရာရှိတာတွေ လုပ်ပြီးတာနဲ့ Companyရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးလိုက်သည်။ ခနကြာတော့ တံခါးခေါက်သံနဲ့အတူ ခေါင်းလေးတစ်လုံးက အခန်းထဲကို ပြူးတစ်တစ်နဲ့ လုပ်နေပြီး

"ကိုကို ထမင်းမစားသေးဘူးလားဟင်"

"ဗိုက်ဆာပြီလား"

"အင်း"

"ကိုကိုလာခဲ့မယ် ထမင်းဝိုင်းမှာ ခနစောင့်နေနော်"

"ဟုတ်ကဲ့"

ကောင်ငယ်လေးအား ထမင်းဝိုင်းမှာ စောင့်စေလိုက်ပြီး ကျွန်တော်လည်း အလုပ်တွေ ပြီးအောင် အမြန် အဆုံးသတ်လိုက်သည်။

ထမင်းဝိုင်းတွင်.....

"ကိုကို"

".........."

"သား မနက်ဖြန် သူငယ်ချင်းတွေနဲ့လေ အလှူတစ်ခု လုပ်စရာရှိလို့ လိုက်သွားလို့ ရလားဟင်"

"ဘယ်အတွက် လှူတာလဲ"

"လုပ်နေကျ အလှူပဲ ကိုကို၊ ၃လတစ်ခါလောက် ဘိုးဘွားရိပ်သာတို့ ဘာတိူ့မှာ သွားလှူတာ ဒီတစ်ခေါက်က မိဘမဲ့ ကလေးကျောင်းတွေ လှူမှာတဲ့"

"သွားလေ"

"ကိုကိုရော မလိုက်ဘူးလာ"

"ကိုကို မနက်ဖြန် အလုပ်ရှိသေးတယ် ဂျစ်ဂျစ်"

To Love❤(Complete)Where stories live. Discover now