Part 55*

21.2K 1.4K 59
                                    

ခရီးသွားဖို့အတွက် သီချင်းလေးတဆိုဆိူနဲ့ ပျော်နေတဲ့ သန့်မှူးကို ကြည့်ကာ သုခ စိတ်ချမ်းသာနေရသည်။ အပြောင်းအလဲဖြစ်အောင် လုပ်ပေးချင်သည်ကြောင့် ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ကိုကို"

"ဗျာ"

"အဝတ်တွေ မထည့်ဘူးလား"

"တစ်စုံနှစ်စုံလောက်ပဲ ထည့်မယ် ကလေးငယ်.၊ ဟိုရောက်မှ ကိုိကို ဝယ်ပေးမယ်"

"တကယ်ကြီး!!! အဲ့တာဆို သားကို အသစ်တွေချည်း ဝယ်ပေးမှာပေါ့"

"ဟုတ်တာပေါ့"

"Yay!!!! ပျော်လိုက်တာ"ဆိုပြီး ခုန်ပေါက်နေတဲ့ သန့်မှူးအား သုခ လှမ်းထိန်းလိုက်ရသည်။

"ကြည့်....ချော်လဲဉီးမယ်လေ"

"ဟီးးးးးဟီးးးး"

"သွားမယ် ကလေးငယ်"

"အခုလား"

"အခုပေါ့"

"မြန်လိုက်တာ သွားမယ်....သွားမယ်"ဆိုကာ သုခကိုပင် မစောင့်ပဲ ထွက်သွားတဲ့ သန့်မှူးနောက် ခေါင်းတခါခါနဲ့ လိုက်ရတော့သည်။

ကားပေါ်ရောက်တော့......

"ကိုကို အလုပ်ကိစရှိလို့လားဟင်"

"ဘာကိုလဲ ကလေးငယ်"

"အခု ခရီးသွားမယ့်ဟာကိုပြောတာ၊ ကိုကို အလုပ်ရှိလို့ အလုပ်နဲ့တခါတည်း ခရီးထွက်တာလားလို့"

"မဟုတ်ပါဘူးကွာ ကလေးငယ်နဲ့ တူတူ ခရီးထွက်ချင်လို့ သပ်သပ်သွားတာ ဟုတ်ပြီလား"

"ဟုတ်ကဲ့ ဒယ်ဒီ"

"ကလေးငယ်~"

သုခငည် သန့်မှူးခေါ်လိုက်တဲ့အမည်ကြောင့် ခေါင်းပါ ပူထူသွားသည်။ ဘယ်လိုများ ခေါ်လိုက်တာပါလိမ့်....

"ကလေးငယ် ပြန်...ပြန်ပြောကြည့်"

"ဟာ ဒယ်ဒီကလည်း ဒယ်ဒီလို့ ခေါ်လိုက်တာကို မကြိုက်ဘူးလား ပြော"

"မဟုတ်....မဟုတ်ပါဘူး ကိုကိုက အဲ့လို တခါမှ အခေါ်မခံရဖူးတော့"

"အခုတော့ အခေါ်ခံရပြီပဲကို"

"ကလေးငယ်က ကွာ....တကယ်"

To Love❤(Complete)Where stories live. Discover now