Part 33*

23.3K 1.6K 40
                                    

ကလေးငယ်ရဲ့ အဖွားက တွေ့မယ်ပြောတာပြောင့် အဖွားရဲ့ အခန်းထဲကို တံခါးခေါက်ကာ ဝင်လိုက်သည်။

"ထိုင်လေ မြေးတို့"

ဘွားဘွားကြီးရဲ့ စကားကြောင့် ခေါင်းလေး ညိမ့်ပြလိုက်ကာ နှစ်ယောက်သား Sofaပေါ် ဝင်ထိုင်လိုက်သည်။

"မြေးငယ်လေး သက်သာသွားပြီလား"

"ဟုတ် ဘွားဘွား"

"သူ့ကိုကိုလာတာနဲ့ ချက်ချင်း သက်သာ သွားပါရောလား"

"ဘွားဘွားကလည်း"ဆိုကာ ကလေးငယ်က ကျွန်တော်လက်မောင်းကို ဖက်ပြီး မှီလိုက်သည်။

"မြေးလေးလဲ ဂျစ်ဂျစ် မရှိတော့ ပျင်းနေမှာပေါ့"

"ဟုတ်ကဲ့"

"မြေးငယ်လေး ဘွားလေးဆီက ယူသွားမည့် ပစည်းတွေ သွားကြည့်ဉီး၊ တော်ကြာ ကျန်ခဲ့မှဖြင့်၊ လိုချင်တာ အကုန်သာ ဘွားလေးကို ထည့်ခိုင်းလိုက်နော်"

"ဟုတ် ဘွားဘွား"

ကလေးငယ်လည်း ဘွားဘွားကြီးရဲ့ စကားအဆုံး ကျွန်တော့်ကို ခွင့်တောင်းကာ အခန်းပြင်ထွက်သွား​တော့သည်။

ထိုအခါမှ....

"​မြေးငယ်လေး ဒီကို ပြန်လာတဲ့ အကြောင်းအရင်းကို ဘွားဘွား သိပြီးပါပြီ"

ကျွန်တော် အနည်းငယ် လန့်သွားသည်။ ဘွားဘွားကြီးပဲ သိပြီး ဘွားလေးက မသိဘူးပေါ့၊ခေါင်းကိုသာ ငုံ့ထားမိတော့သည်။ အပြစ်လုပ်ခဲ့မိသူက ကျွန်တော် မဟုတ်လား။

"ေတာင်းပန်ပါတယ် ကျွန်တော် ဆင်ခြင်ပါ့မယ်"

"ဘာတွေ တောင်းပန်နေတာလဲ မြေးလေးရဲ့၊ ဒါ တောင်းပန်စရာ မဟုတ်ဘူးလေကွယ်၊သဘာဝတရားကို ဘွားဘွား နားလည်ပြီးသားပါ၊မြေးလေးကိုလည်း ဘွား ယုံကြည်ပြီးသား၊ ဒါကြောင့်လည်း မြေးလေးလက်ထဲ ဂျစ်ဂျစ်လေးကို စိတ်ချလက်ချ ထည့်ပေးခဲ့တာပေါ့"

"ဟုတ်ကဲ့ ဘွားဘွား"

"အင်း....မြေးကို ဘယ်လို ပြောပြရမလဲ မသိဘူး၊စောစော မပြောမိတာအတွက် ဘွားဘွားကပဲ တောင်းပန်ပါတယ်ကွယ်၊ မင်း စိတ်ပျက်သွားမှာလည်း စိုးတယ် ဒါပေမယ့် အခုလို ဖြစ်လာပြီဆိုမှတော့ မပြောလို့ မဖြစ်တော့လို့ပါ"

To Love❤(Complete)Where stories live. Discover now