ကျွန်တော် ကလေးငယ်ကို ကြိုကာ 'စေမင်း' အိမ်တော်ကိုသွားဖို့ အချိန်ကျလာတာမို့ Companyကနေ ထွက်လာခဲ့လိုက်သည်။ အပြန် ကလေးငယ်စားချင်တယ်လို့ ပူဆာထားတဲ့ ရေခဲမုန့်ကို ဝင်ဝယ်လိုက်သည်။
ကျွန်တော် အိမ်ရှေ့ရောက်တော့ ကလေးငယ်က အိမ်ထဲမှာ မဟုတ်ပဲ ခြံဝလေးမှာ စောင့်နေသည်။ ဒီကလေးလေး နေပူနေတာကို
ကျွန်တော် ကားပေါ်မဆင်းခင်မှာပဲ ကလေးငယ်က ကားထဲ ဝင်ထိုင်သည်။ ဝတ်ထားသည်ကို ကြည့်လိုက်တော့ သူအရမ်းကြိုက်သည်ဆိုတဲ့ ဝက်ဝံရုပ်နဲ့ Hoddieအဖြူရောင်ကို ဘောင်းဘီ အဖြူအပွ အတိုလေးနဲ့ ဝတ်ထားသည်။
နေပူမှာ စိုးလို့ထင် ခေါင်းမှာ hoddieခေါင်းစွပ်ကို စွပ်ထားသည်။ သေချာကြည့်မှ ဒီနေ့ ကလေးငယ်ဟာ တကုိယ်လုံး အဖြူရောင်ချည်းသာ ဝတ်ထားသည်ပဲ။
"ကိုကို ဘာတွေ ကြည့်နေတာလဲ "
"ဘာလို့ ဘောင်းဘီတိုတွေ ဝတ်လာတာလဲ ကလေးလေး"
"ပူလို့လေ ကိုကိုရဲ့"
"အဲ့တာဆို Hoddieလက်ရှည်က မပူဘူးပေါ့"
"အာ အဲ့တာက နေလောင်မှာစိုးလို့သာ ဝတ်ထားတာ"
ဟုတ်ပါ့ သေချာကြည့်မှ ဘောင်းဘီတို ဝတ်ထားတဲ့ ကောင်လေးရဲ့ ခြေထောက်လေးတွေက နီရဲလိုနေသည်။ နေမထိ မြေမထိ မင်းသားလေးများလား ။
"ဘာလို့ ခြံရှေ့ထွက်စောင့်နေတာလဲ နေပူမှန်းသိရက်နဲ့ "ဆိုတော့ ကျွန်တော့်လက်မောင်းကို မှီကိုင်ကာ
"ကိုကို့ကို လွမ်းလို့လေ"
ကျွန်တော့်ရင်ထဲ ပန်းတွေ ပွင့်ကုန်လေပြီ။ ဆူဖို့ စကားလုံးတွေဟာ လေထဲမှာပင် ပျောက်ရှကုန်သည်။
"အသည်းယားလိုက်တာကွာ"
"ဟီးးးးးး"
"ရော့ ရေခဲမုန့်"
"ကိုကိုက အကောင်းဆုံးပဲ"
"ဖြည်းဖြည်းစား ကလေးငယ် အကျီ စွန်းကုန်လိမ့်မယ်"
"ဟုတ်"
ဇွန်းကို ကိုက်ကာ ရေခဲမုန့်စားနေတဲ့ ကလေးငယ်က ဖြူစင်မှု ပကတိ။ ကျွန်တော် ရွေးချယ်ထားခဲ့သူ မဟုတ်ပေမယ့် ဘုရားကပေးတဲ့ ကံကောင်းခြင်းလက်ဆောင်လေးလို့ မှတ်ယူရမလား။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ