Part 42*

21.4K 1.5K 16
                                    

ကျွန်တော် အိမ်ကို ပြန်ရောက်တော့ ကလေးငယ်က အိပ်ရာကနေတောင် မနိုးသေးဘူးဆိုတာကြောင့် ကလေးငယ် အိပ်နေတဲ့နေရာဆီကိုသာ လာခဲ့လိုက်သည်။

ကုတင်ပေါ်မှာ မသွားခင်က ဖက်လုံးလေးကို လက်လေးနဲ့ဖက်ခိုင်းထားတဲ့ ပုံစံအတိုင်း အိပ်ပျော်နေတဲ့ ကလေးငယ်၊ ဆေးအရှိန်ကြောင့် စောင်ကိုပါ ခြုံထားသည်ကြောင့်ပါ ချွေးတွေ ထွက်လို့နေသည်။

ကျွန်တော် ကလေးငယ်ဘေး တစ်စောင်းဝင်လဲှဲပြီး လက်ထောက်ကာ ကလေးငယ်ရဲ့ နှဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။ အပြစ်ကင်းစင်လှတဲ့ကလေးငယ်ကို ဘယ်အခက်အခဲကိုမှ မကျော်ဖြတ်စေချင်၊ ဒီတစ်ခေါက် ကိစမှာလည်း မိမိ ည့ံသည်ဟု ထင်သည်။ ကလေးငယ် ​ကြိတ်ပြီး သည်းခံထားတဲ့ ကိစကို ကျွန်တော် မသိခဲ့ရ။

ဘာမှ မဖြစ်သလို ဟန်ဆောင်ကာနေတဲ့ ကလေးငယ်ကို ကျွန်တော် မဆူချင်၊ ဒါဟာ ကလေးငယ်ရဲ့ အမှားမှ မဟုတ်ပဲ၊ ကျွန်တော် တွေးနေတုန်း ကလေးငယ်ရဲ့ လက်တွေဟာ ကျွန်တော့် အကျီပေါ်ရောက်လာလေသည်။ ထို့နောက် မျက်လုံးလေးပွင့်လာကာ

"ကိုကို"

"ဗျာ"

"အမွှေးနံ့ရတယ် ကုိကုိ ထားပြီး ဘယ်သွားပြန်တာလဲ"ဆိုကာ သူစိတ်ဆိုးသွားပါကြောင်းကို နှုတ်ခမ်းလေးဆူပြီး တစ်ဖက်ကို လှည့်သွားသည်။ နိုးလာတာနဲ့ ကျွန်တော့်ကို ရစ်ဖို့ စတွေးမိတယ် ထင်ပါရဲ့

"ဒီဘက်လှည့်ပါဉီး ကလေးငယ်ရဲ့"

"မလှည့်ဘူး ကိုကို့ကိုလည်း မခေါ်တော့ဘူး"

နှုတ်ခမ်းလေး ဆူဆူပြီးပြောပြောနေတဲ့ ကလေးငယ်ကို အသည်းယားလာတာမို့ ပါးလေးကို ဖျစ်ညစ်ပစ်လိုက်ကာ ကလေးငယ်ကို တခါတည်း ပွေ့ချီပြီး ထခိုင်းလိုက်သည်။

"ပြပါဉီး စိတ်ကောက်နေတဲ့ မျက်နှာလေး"

ကျွန်တော့်ရင်ခွင်ထဲ မျက်နှာလေး ဝှက်ထားတဲ့ ကလေးငယ်ကို စလိုက်တော့

"မပြဘူး မကြည့်နဲ့"

"ကိုကို ရှင်းပြမယ်လေကွာ၊ ကိုကိုက အခုလို ဝတ်စားပြီး သွားချင်ရာ သွားတာမှမဟုတ်ပဲ၊ ဒီနေ့ သတင်းစာရှင်းလင်းပွဲရှိနေတယ်ဆိုတာကို မေ့နေတာလား ကလေးငယ်"

To Love❤(Complete)Where stories live. Discover now