Part 2*

52.1K 3.8K 65
                                    

မှန်းထားသည့်အတိုင်း အဘွားနဲ့ အဘိုးက နေ့လည် ထမင်းစားအမှီ ရောက်လာချေသည်။ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးတာတွေ မလုပ်ကြသေးပဲ နေ့လည်စာ အရင် စားလိုက်ရသည်။ စားသောက်ပြီးနောက် ဧည့်ခန်းထဲတွင် လူစုံတတ်စုံ ထိုင်ကြ ကာ

"ကဲ ေမြး သုခ"

"ဟုတ်ကဲ့အဘွား"

"မြေး တောင်းဆိုထားတဲ့ အချိန်လည်း ပြည့်ချေပြီ ဒါကြောင့် အဘွားတို့ စီစဉ်ထားတာ လက်ခံဖို့ပဲ ကျန်တော့တယ် မြေး"

"ကျွန်တော် သိပါတယ် အဘွား"

"မျိုးရိုးထိန်းသိမ်းရမယ်ဆိုတာ မှန်ပေမယ့် မြေးလေးယူမှာ ယောက်ျားလေးမို့ မျိုးဆက် မရမှာ အဘွား စိတ်မပူချေဘူး မြေးမလေး တစ်ယောက်လူံး ရှိသေးတာမို့"

"ဘွားဘွား သမီးက မယူသေးပါဘူးနော်အေးဆေး နေဉီးမှာ"

"သမီး ငြိမ်ငြိ်မ်နေ လူကြီးတွေ စကားပြောနေတယ် မဟုတ်လား "လို့ မိခင်ဖြစ်သူ ဒေါ်သိမ့်သူက ဟန့်တားသည်။

"ေမြး ဖြစ်ချင်တာ ဘွားကို တောင်းဆိုချေ၊ ဘွား ဖြည့်ဆည်းပေးမယ်"

"အခုတော့ ကျွန်တော် ဘာမှ မလိုသေးပါဘူး လိုအပ်လာမှသာ ကျွန်တော် တောင်းဆိုပါရစေ"

"ကောင်းပါပြီ ညနေ 'အလကာင်္' စံအိမ်သွားဖို့သာ ပြင်ဆင်ထားချေ ညနေမှ သူတို့နဲ့ တွေ့ပြီး ညှိသင့်တာတွေ ညှိကြတာပေါ့"

" ဟုတ်ကဲ့ ဘွားဘွား"

မိခင်ဖြစ်သူ ဒေါ်သိမ့်သူနဲ့ ဖခင်ဖြစ်သူ ဉီးမြတ်တို့ကတော့ သားဖြစ်သူ အတွက် စိတ်မကောင်းဖြစ်ရရှာသည်။ မွေးထားသည်က သားယောက်ျားလေးမို့ မိန်းကလေးနဲ့ အိမ်ထောင်ရက်သား ကျစေချင်သည်။ အခုတော့ ရိုးရာကို ဖယ်ရှား၍ မရနိုင်သော အ​ခြေအနေပင်။ သို့သော် ဘာကိစမဆို နှစ်ယောက်လုံးဟာ သားဘက်က ရပ်တည်ဖို့ အဆင်သင့်သာ။

.................

"ဘွားလေး"

"ပြောစေရှင်"

"သားကိုလေ မုန့်လေး လုပ်ကျွေးပါလား"

"ဂျစ်ဂျစ် မင်းဘွားလေး ညနေ ဧည့်သည်လာဖို့ ပြင်ဆင်နေလို့ မအားတာကို မမြင်ဘူးလား"

To Love❤(Complete)Where stories live. Discover now