ဘန်ကောက်မှာ ၁ပတ်လောက် နေပြီးသည်နှင့် အိမ်ပြန်ချင်ပြီပြောလာသော သန့်မှူးကြောင့် မြန်မာပြည် ပြန်ခဲ့ရသည်။ ကိုယ်ဝန်ကိစကိုလည်း ဘန်ကောက်မှာ မွေးဖို့ ဆုံးဖြတ်ထားပြီး ကြားထဲက ရက်ချိန်းတွေကိုတော့ မြန်မာပြည်က ဆရာဝန်တစ်ယောက်နဲ့ ချိတ်ပေးထားသည်။
လေယာဉ်ကဆင်းပြီး ကားပေါ်ရောက်တော့ သုခပခုံးပေါ်မှီအိပ်ကာ တစ်ခုပြီးတစ်ခုထုတ်စားနေသော သန့်မှူးက ဗိုက်မပြည့်၍များလားမသိ။ လေယာဉ်ပေါ်တွင်လည်း တချိန်လုံးစားနေသလို အခုလည်း စားနေတုန်း ဖြစ်သည်။ နှစ်ယောက်စာ စားနေရလို့များလားလို့ တွေးလိုက်မိသည်။
"ကိုကို"
"ဗျာ"
"အိမ်ရောက်ရင်လေ ထမင်းသုပ်လေး စားချင်တယ်"
"ဗိုက်မပြည့်သေးဘူးလား ကလေးငယ်"လို့ မေးလိုက်တော့ ပခုံးမှီနေရာမှ ခွာသွားပြီး မျက်စောင်းထိုးကာ တစ်ဖက်ကို လှည့်သွားသည်။ မျက်စောင်းထိုးတိုင်းသာ ပြာကျရမည်ဆိုရင် ကျွန်တော်ပြာဘဝရောက်နေတာ ကြာလောက်ပြီထင်သည်။
"နှစ်ယောက်စာ စားနေရတာ မသိဘူးလား၊ ကလေးဖြင့် မထွက်လာသေးဘူး အခုကတည်း က ငြိုငြင်နေပြီ"ဆိုကာ တွေးချင်ရာ တွေးပြီး ဝမ်းနည်းရိပ်သန်းနေတဲ့ သန့်မှူးအား သုခ ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်သည်။
"ဒီ ဉီးနှောက်လေးက ဘာတွေ တွေးနေတာလဲ၊ ဘယ်တုန်းက ငြိုငြင်တယ် ပြောလို့လဲ၊ ဗိုက်မပြည့်သေးဘူးလား မေးတာက ကလေးငယ်က တလမ်းလုံးစားလာတာလေ၊ အဲ့တော့ ရင်ပြည့်တာတွေ ဖြစ်မှာစိုးလို့ပါဗျာ"
"........."
"စားချင်တာစား ဟုတ်ပြီလား၊ အခုရော ထမင်းသုပ်ပဲလား တခြားဘာစားဉီးမလဲ"
"စားတာများလို့ ဝလာရင် ကိုိကိုက ပစ်ထားခဲ့မှာလား"
"ဟောဗျာ ဒီကလေးလေးကို ဘယ်သူက ပစ်ထားခဲ့မှာလဲ၊ စဉ်းစားတတ်တယ်နော်၊ ကိုိကိုက ကလေးငယ် ဝလည်း ချစ်မှာပဲ၊ ပိန်လည်း ချစ်မှာပဲ၊ အင်း ပုံဖော်ကြည့်ရင် ကလေးငယ်က အခုတောင် ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းနေတာ ဝသွားတဲ့အခါကျ ပိုပြီး ချစ်ဖို့ကောင်းမှာပဲ"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ