Part 12*

35.4K 2.6K 44
                                    

ကိုကိုက ကျွန်တော် ဟိုတစ်နေ့ကလို တခုခု လုပ်မှာစိုးလို့ဆိုကာ ဘာပဲလုပ်လုပ် သူ့ကို အရင် ခွင့်တောင်းဖို့ ပြောချေသည်။ ကျွန်တော်လည်း ထိုနေ့က အစီအစဉ်မရှိပဲ သွားလိုက်ရတာဖြစ်တဲ့အတွက် Bar သွားမည့်ကိစကို မပြောဖြစ်လိုက်။

"ဂျစ်ဂျစ်က ငယ်သေးတော့ လွတ်လွတ်လပ်လပ် သွားချင် လာချင်တာ ကိုကိုသိတယ်၊ ကိုကို မတားဘူး ဂျစ်ဂျစ်သွားရင်သာ ကိုကို့ကို ဘယ်သွားဖို့ ဘာလုပ်ဖို့ဆိုတာ အကုန်သာ ပြောသွား ကိုကို မတားဘူး မပြောသွားရင်တော့ ကိုကို ဂျစ်ဂျစ်ကို စိတ်ဆိုးရလိမ့်မယ်"

"အင်းပါ နောက် အဲ့လို မလုပ်တော့ဘူး အာ...ကိုကို "

ကြည့်... ကျွန်တော်က အတည်ပေါက်နဲ့ ဆုံးမနေတာတောင် အရှေ့မှာ ချထားတဲ့ Pizzaကို အစားမပျက် ကျွန်တော့်ကိုတောင် ခွ့ံကျွေးနေသေးသည်။

"ဂျစ်ဂျစ် ကိုကို စကားပြောနေတယ်လေ ေသချာ နားထောင်"

"နားထောင်နေပါတယ် ကိုကိုရဲ့ ဒါပေမယ့် ပါးစပ်ကတော့ နားမထောင်ဘူး"

ဒီကလေးနှယ် ကျွန်တော့ ရိုက်ရင်လည်း နာဉီးမယ် ဟူးးးးး မရိုက်ရက်တဲ့ ကျွန်တော်ကပဲ အလျှော့ပေးရသည်ပဲလေ။

"အအေးတွေ အများကြီး မသောက်နဲ့ ပြောထားတယ်မလား ဂျစ်ဂျစ် အရိုက်ခံချင်နေပြီလား"

"ကိုကိုကလည်း သောက်လို့ကောင်းလို့ သောက်မိသွားတာကို "

"ပေးတော့ မသောက်နဲ့ ချောင်းဆိုးမယ်"

"သားဟာကို သိမ်းပြီး ကိုကို သောက်မလို့မလား "

"ပေါက်ပေါက်ရှာရှာ ဂျစ်ဂျစ်ရာ ကိုကို အအေးသောက်တာ မြင်ဖူးလို့လား"

သုခ သန့်မှူးနဲ့ စကားပြောနေရင်း သန့်မှူးနှဖူးအား လက်လေးနဲ့ တောက်လိုက်တော့

"အာ...ကိုကို နာတယ်လေ"

"အပိုတွေ မပြောနဲ့ ဖြည်းဖြည်းလေးပဲထိတာ"

"လုပ်တာက လုပ်တာပဲလေ"

"အကြီးကို ပြန်ပြောနေပြန်ပြီ"

"ဟွန့်"

"ကြပ်ကြပ် သတိထားနေ ဆိုးလာလို့ကတော့ ရိုက်မှာ"

To Love❤(Complete)Where stories live. Discover now