Part 18*

34.2K 2.3K 20
                                    

ဒီနေ့ရဲ့ မနက်ခင်းလေးဟာ အရင်ကထက် သာယာနေတယ်လို့ သုခ ထင်မိသည်။ အကြောင်းက မိမိ သိပ်ချစ်ရတဲ့ ကလေးလေးကို တရားဝင် ပိုင်ဆိုင်ခဲ့ရပြီလေ။ ကျွန်တော့်ရင်ဘတ်ပေါ် သူ့ရဲ့ လက်ပိစိလေးတွေကို တင်ထားပြီး ခြေထောက်တွေကတော့ ကျွန်တော့်ကို ခွလျက်သားလေး အိပ်ပျော်နေသည်။

တစ်ခြမ်းစောင်း အိပ်နေတဲ့ ကောင်လေးရဲ့ ပါးကတော့ မို့အစ်လို့နေသည်။ သုခသည် သန့်မှူးရဲ့ နှာဖူးပြင်ပေါ် ဝဲကျနေတဲ့ ဆံပင်အစအနလေးအား ဖယ်ရှားလိုက်ကာ ရှင်းလင်းနေတဲ့ ကောင်လေးရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပိတိဖြစ်လို့မဆုံး။ ဒီကောင်လေးကို မြတ်နိုးနေရတာ ချစ်နေရတာ ပိုင်ဆိုင်နေရတာ တော်တော် ကံကောင်းတဲ့ ကျွန်တော်ပါပဲ။

ကျွန်တော် သူ့မျက်နှာကို ဖွဖွလေး ကိုင်နေတုန်း နိုးလာခဲ့သည်။

"ကို...ကို"

"ဟင်"
ကလေးငယ်သည် ကျွန်တော့်ကို ခေါ်ပြီးသည်နှင့် သူ့ရဲ့ခေါင်းလေးအား ကျွန်တော်ရင်ဘတ်ပေါ် လာတင်ကာ ကျွန်တော့်ကို မျက်နှာချင်းဆိုင် ကြည့်နေသည်။

"ဘာပြောမလို့လဲ ကလေးလေး"

"ဟီးးးးး ဒီတိုင်း ခေါ်ကြည့်တာ"

"ဟုတ်ပါပြီဗျာ"

"ကိုကို သား ဒီနေ့ ဆိုင်သွားမလို့ "

"အာ မဖြစ်သေးပါဘူး ခြေထောက်က သိပ်အဆင်ပြေသေးတာ မဟုတ်ပဲနဲ့ ကိုကို စိတ်မချဘူး"

"အိမ်ထဲမှာပဲ နေရတာ ​ပျင်းလာပြီ ကိုကိုရဲ့ လုပ်ပါ ကိုကိုနော်"

"မရဘူးကွာ ကိုကို မလွှတ်နိုင်ဘူး"

"ကိုကို တကယ် မကောင်းဘူး သားကို အလို မလိုက်ဘူး "ဆိုကာ ကုတင်ပေါ်ကနေ ထပြီး ရေချိုးခန်းထဲ ဝင်သွားသည် သူစိတ်တိုနေသည်ကို တံခါးအား အသံမြည်နေအောင် ဆောင့်ပြီး ပိတ်သွားသည်က သက်သေပင်။

စိတ်မချလို့ ပြောမိတဲ့ စကားကို စိတ်ဆိုးသွားတဲ့ ကောင်လေးအား ချော့ရဉီးမည် အိပ်နေရာမှ ထလိုက်ပြီး အဝတ်ဗီဒိုထဲက အဆင်ပြေမည့် အဝတ်အစားအား ရွေးလိုက်သည်။ ပြီးနောက် အောက်ထပ်ဆင်းကာ မနက်စာစားဖို့အတွက် ပြင်ဆင်ဖို့ မှာလိုက်ပြီး နေလင်းကိုလည်း Companyအတွက် လိုအပ်သည်များကို ပြောထားလိုက်သည်။

To Love❤(Complete)Where stories live. Discover now