Part 39*

20.9K 1.6K 45
                                    

သတင်းကြားအပြီး စိတ်ထဲဝင်လာတဲ့ အတွေးပေါင်းမြောက်မြားစွာ....

*ကိုကို ဒီကိစကြောင့် ထိခိုက်သွားမှာလား၊ ကိုကို ငါနဲ့ ယူခဲ့ရလို့ အပြစ်တစ်ခုလို ဖြစ်သွားမလား၊ ငါနဲ့ယူထားတယ်ဆိုတာ သိရင်ရော ကိုကို့အတွက် ကောင်းလာနိုင်မှာလား*

"သန့်မှူး မင်းယောက်ျားကို ဖုန်းဆက်ကြည့်ပါဉီးလားကွာ"

"ဟုတ်သားပဲ ကိုကို့ကို ဖုန်းဆက်ရမယ်"

ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကိုပင် တုန်တုန်ယင်ယင်နဲ့ ဆွဲထုတ်နေမိသည်။

ဖုနး်ရဲ့ Contentထဲက ကိုကိုဆိုတဲ့ ဖုန်းနံပါတ်လေးကို နှိပ်ဖို့ရန်ပင် ခက်ခဲလှသည်။

ခြိမ်းခြောက်ခံခဲ့ရတုန်းက စကားတစ်ချို့

*သုခသာ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားမှန်းသိရင် အားလုံးက ရွံရှာကြမှာနော် *

*မင်းပိုင်ဆိုင်တဲ့သူကို အပိုင်သာ နိုင်အောင်ချုပ်ထားနော်၊ လွှတ်လာရင်တော့ ပြန်မရဘူးဆိုတာ သိထားပေးနော်*

*မင်းလိုမျိုး ကလေးကလားဆန်ဆန် ကောင်လေးတစ်ယောက်က သုခကို အကြာကြီးဆွဲထားနိုင်ပါ့မလား*

*ကြာရင် စိတ်ကုန်သွားဉီးမယ်နော် ဂရုစိုက် *

*အတွေးမမှားနဲ့ မင်းချစ်တဲ့သူကို မင်းထိခိုက်တာ မြင်ချင်ရင်တော့ ရှေ့ဆက်တိုးလေ*

*ငါကတော့ မရရတဲ့နည်းနဲ့ ယူမှာ သေချာသိမ်းထားဉီး*

*မင်း​သေ သွားရင် ပိုကောင်းတယ်ကွာ ဒါဆို ငါနဲ့သုခနဲ့ အေးဆေးနေလို့ရပြီ*

ပြီးနောက် ဓာတ်ပုံတချို့ ထိုဓာတ်ပုံထဲ သုခက တခြားတစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ်ရှိနေသည်။ ဘယ်သူလဲဆိုတာ မမြင်ရအောင်ကို
ရိုက်ထားသည်မို့ မြင်ဖို့ရန် ခက်ခဲလှသည်။

*ကြည့်ပါလား မင်းနဲ့ပျော်နေတယ်ဆိုပေမယ့် စိတ်ညစ်လာရင် ငါ့ဆီပဲရောက်ရောက်လာတာနော်*

*မင်းက တအားတွေ ကလေးဆန်ပြတာကို ဘယ်သူက သည်းခံနိုင်ပါ့မလဲ*

*ငါဆွဲဆောင်တာမဟုတ်ဘူးနော် သူကသာ ငါ့ဆီလာတာ*

ကိုကိုဆိုတဲ့ Content Nameကို ထပ်ခါတလဲလဲ ခေါ်နေပေမယ့် မကိုင်

To Love❤(Complete)Where stories live. Discover now