ကိုကိုက အပြင်သွားဖို့ ကျွန်တော့်ကို ပြင်ဆင်ပေးပြီး
"ကလေးငယ် အခု အပြင်သွားရင် ကိုကို့သူငယ်ချင်းတွေနဲ့ တွေ့ဖို့တော့ရှိတယ်၊ အဲ့တာ ကလေးအဆင်ပြေမလား အဆင်မပြေရင်လည်း ကိုကို သွားမတွေ့တော့ဘူးလေ"
"ပြေပါတယ် ကိုကိုရဲ့......ကိုကိုက အရမ်းအနေအေးတာကို ကိုကို့မေမေ ပြောလို့ သိပြီးပြီ၊ ကိုကိုရဲ့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေက ကိုကို့ကို လာတွေ့ဖို့ ပြောတယ်တဲ့ ကိုကိုကသာ အခုမှပြောပြတာ ဟွန့်"
"ကိုကို စဉ်းစားနေလို့ပါ သွားရမလား မသွားရမလားဆိုတာကို"
"သွားပါ ကိုကိုရဲ့ အဲ့လိုမျိုးတွေ သွားမှ ကိုကိုမှာ မိတ်ဆွေတွေ ရလာမှာပေါ့ ဒါနဲ့ သားနေခဲ့ရမလား ကိုကိုပဲ သွားရင်သွားလေ"
"မရပါဘူး ကလေးငယ်ပါ ကိုကိုနဲ့လိုက်ရမှာ ကလေးငယ် မလိုက်ရင် ကိုကို မသွားတော့ဘူး"
"ပြွစ်.....ဟုတ်ပါပြီ သားလိုက်ပါ့မယ်"
"ကဲ ရပြီ သွားရအောင် နေဉီး....Maskတပ်ရဉီးမယ်"
ကိုကိုက ပြောရင်း ကျွန်တော့်ကို Maskတပ်ပေးသည်။ အခု ကျွန်တော့်ပုံစံကိုကြည့်တော့ အိမ်နေရင်းဝတ်ထားသည်နှင့် မခြားမနား Hoddieလက်ရှည်နဲ့ ဘောင်းဘီအပွ အရှည်ကို ဝတ်ပေးထားသည်။ ထို့ပြင် Maskပါ တပ်ထားရပြီး ခပ်အုပ်အုပ်ဖြစ်နေတဲ့ ဆံပင်ကြောင့် လူက မျက်လူံးလေးသာ ပေါ်သည်။
"ကိုကို သားက ဒီပုံစံကြီးသွားရမှာလား"
"အင်း"
"ပူတယ်လေ ကိုကိုရာ"
"အဲ့တာကြောင့် ကိုကိုက ပန်ကာလေးပါယူထားတာ"
ကိုကို့လက်ထဲက အရာကိုကြည့်တော့ လက်ကကိုင်သွားလို့ရတဲ့ ပန်ကာ အသေးစားလေး၊ တက်လည်း တက်နိုင်လွန်းတယ် ကိုကိုရာ
"အဲ့တာမှ ကလေးကို ဘယ်သူမှ မငမ်းရဲမှာ မဟုတ်ရင် ကိုကို ကလေးငယ်ကို သဝန်တိုရလွန်းလို့ အသက်ပါ ထွက်သွားနိုင်တယ်"
အသက်ပါ ထွက်သွားနိုင်တယ်တဲ့ စဉ်းစားကြည့်ကြပါဉီး
"ပိုပြန်ပြီ ကိုကိုရာ"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ