မနက်ရောက်တော့ ထုံးစံအတိုင် ကျွန်တော် စောစော ထလိုက်ကာ ကလေးငယ်ကို မနှိုးသေးပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်သည်။ ပစည်းအိတ်ထဲ လိုအပ်မယ့်ပစည်းလေးတွေကို ထည့်ရင်း စစ်ဆေးပြီးမှ ကားထဲ ထည့်ထားလိုက်သည်။
ပြီးနောက် အိပ်မောကျနေတဲ့ ကလေးငယ်နားသွားကာ မနက်ခင်း အနမ်းလေးတစ်ပွင့်ကို နှဖူးထက် ခြွေလိုက်သည်။
"ထတော့ ကလေးငယ်၊ အပြင်သွားရမှာမလား"
"အွန်းးးးး"
အပျင်းကြောဆန့်ကာ နိုးလာတဲ့ ကလေးငယ်က ကျွန်တော့်ကို ပြုံးပြပြီး သူ့နှုတ်ခမ်းလေးအား လက်ညှိုးလေးနဲ့ထိုးပြသည်။ သိတာပေါ့ ကျွန်တော့်ကို နမ်းခိုင်းနေတယ်ဆိုတာ၊ သို့သော် ကျွန်တော် မသိချင်ယောက်ဆောင်ကာ ထလိုက်ပြီး
"ထတော့ နောက်ကျနေလိမ့်မယ်၊ သီဟတို့က ရောက်တောင်ရောက်နေပြီလားမသိဘူး"
"ကိုကို္!!!!"
လိုချင်တာ မရတော့ ထထိုင်ကာ ကျွန်တော့်အား ဆူဆောင့်ဆောင့်နဲ့အော်သည်။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်ကာ
"ပြောလေ ကလေးငယ်"
"ကိုကို မသိချင်ယောင်ဆောင်နေတာ သားသိတယ်"
"ဟောဗျာ ကိုကို ဘာမှမသိရပါလား၊ ကလေးငယ်က ဘာပြောလိုက်လို့လဲ ကိုကို့ကို"
"တကယ်မသိဘူးလား"
"မသိပါဘူးဗျာ"ဆိုတော့ မျက်စောင်းထိုးကာ ဆူဆောင့်ဆောင့်နဲ့ ကုတင်ပေါ်က ဆင်းလာတဲ့ ကလေးငယ်ကို လှမ်းဖမ်းလိုက်သည်။
"ဒါ ဘယ်လဲ"
"ဖယ် မဖက်နဲ့၊ သွား"
"စိတ်ကလည်းကြီးလိုက်တာဗျာ"
"လွှတ်လို့ပြောနေတယ်နော်"
"ကိုကိုက စတာပါဗျာ၊ ကိုကို မသိစရာလား" ဆိုပြီး အနမ်းလေးတွေ ခြွေလိုက်သည်။
"မနက်စောစောစီးစီး သားကို စိတ်တိုအောင်လုပ်တယ်"
"မဟုတ်ရပါဘူး ကိုကိုက ကလေးငယ် ဘာပြောမလဲ သိချင်လို့ပါ"
"........."
"စိတ်မဆိုးနဲ့တော့ အပြင်သွားရတော့မှာ၊ စိတ်ဆိုးချင်ရင် နောက်မှ စိတ်ဆိုး ဟုတ်ပြီလား"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ