ကလေးငယ်နဲ့ အပြင်သွားရမည်ဖြစ်တာကြောင့်သင့်တော်မည့် အဝတ်အစားကို ထုတ်လိုက်သည်။ မဟုတ်ရင် ကလေးငယ်က မထင်ရင် မထင်သလို အတိုတွေ ထုတ်ဝတ်ဉီးမည် မဟုတ်လား။ ပွပွလေးတွေ ဝတ်တက်တဲ့ ကလေးငယ်အား ကျေးဇူးတင်ရမည်။ ကိုယ်ကျပ်တွေ ဝတ်နေရင် ကျွန်တော်ပဲ လိုက်ထိန်းရမည်ကြောင့်။
"ကလေးငယ် အကျီလဲတော့"
"ကိုကိုကလည်း ခနလေး ဒီမှာ ပြီးတော့မယ်"
"နောက်မှဆော့လေ ကလေးငယ်ရာ အပြင်သွားမှာဆို"
"ခနလေးပါ ကိုကိုရာ အာ...သွားပြီ ရှုံးသွားပြီ "ဆိုကာ ဖုန်းကို sofaပေါ် ဖုန်းကို ပစ်တင်ပြီး သူစိတ်ဆိုးသွားကြောင်းကို ခြေကို ဆောင့်ကာ ေအာ်နေတော့သည်။
"ကိုကိုမကောင်ဘူး ကိုကိုအကျင့်ပုတ်ကြီး သူမဆော့ရတိုင်းနဲ့ အခုတော့ ရှုံးသွားပြီ"
"ကလေးငယ်ရာ အသံတွေ နာကုန်တော့မှာပဲ ဂိမ်းလေး ရှုံးတာ ပြီးရင် ပြန်ဆော့ပေါ့"
"သား အကြာကြီး ဆော့ထားရတာလေ"
ကျွန်တော်လည်း သူလှဲအိပ်နေတဲ့နား သွားထိုင်လိုက်ကာ
"ကလေးလေး ဂိမ်းဆော့တာ အရမ်းများနေပြီဆိုတာ ကလေးေလး သိတယ်နော်၊ ကိုကို ဘာမှ မပြောခဲ့ဘူး ကိုကိုက အခုလည်း ကလေးငယ်နဲ့ လျှောက်လည်မှမို့ ရပ်ခိုင်းတာလေ ကိုကိုက ရှုံးစေချင်လို့ပဲမဟုတ်ပဲ"
ကျွန်တော် ရှင်းပြတော့ တိတ်ပြီး နားထောင်နေသည်။ ကျွန်တော် ဒီရက်ပိုင်း ကလေးငယ် ဂိမ်းတွေ တအားဆော့နေတာ သိပေမယ့် စိတ်မချမ်းသာမှာ စိုးလို့ ဘာမှ မပြောပဲ လွှတ်ထားခဲ့သည်။
အခုက ဘာမဟုတ်တာလေးနဲ့ ဂိမ်းလေးရှုံးသွားတာလေးကို မကျေနပ်နိုင်ဖြစ်နေတဲ့ ကလေးငယ်ကြောင့် ကျွန်တော့်ကိုရော ချစ်သေးရဲ့လားဆိုတဲ့ အတွေးက မစဉ်းစားချင်ပဲ ဝင်ရောက်လာသည်။
"အင်း ရပြီ ကလေးငယ် အဆင်ပြေသလိုသာ ပြင်ဆင်ထားလိုက် "လို့ ပြောပြီး ကျွန်တော် အပြင်ထွက်လာခဲ့လိုက်သည်။ သေချာ ပြန်စဉ်းစားကြည့်ရင် ကလေးငယ်ဟာ ကျွန်တော့်ကို အဖြေပေးပြီးပြီဆိုပေမယ့် လက်ထပ်ထားတုန်းက ချစ်လို့မှ မဟုတ်ပဲကို... စဉ်းစားလိုက်တိုင်း ရင်ကနာလာပြန်သည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ