ကျွန်တော့်လက်ကလည်း အခြေအနေသိပ်မကောင်းသေးတာကြောင်ြ ကလေးငယ်အားချီလို့မရပေ။ အရင်ကလို လုပ်ချင်တာထလုပ်လိုက်လို့ရတဲ့ အနေအထား မဟုတ်တာမို့ ကျွန်တော် သည်းခံနေရသည်။
"ကိုကို ဒီမှာနေနေနော်၊ သား ကိုကိုမျက်နှာသစ်ဖို့ လုပ်ပေးမယ်"ဆိုကာ ထသွားတဲ့ ကလေးငယ်က ကျွန်တော့်ထက်ပင် အားနည်းနေသေးသည်။ ဒါကိုလည်း ဂရုမစိုက်၊ ကျွန်တော့်ကိုသာ စိတ်ပူနေတော့သည်။
ခနနေတော့ ရေဇလုံနဲ့ တဘတ်ကလေးယူလာကာ ကျွန်တော့်အား မျက်နှာသစ်ပေးတော့သည်။ သူလုပ်သမျှ ငြိမ်ခံနေရတဲ့ ကျွန်တော်ဟာ ကိုယ်ကိုကိုယ် အားမလိုအားမရဖြစ်လာသည်။
"ကလေးငယ် ထိုင်တော့လေ၊ ဘာလုပ်နေတာလဲ"
"ကိုကို့အတွက် အကျီ ထုတ်ထားပေးမလို့"
"ကလေးငယ်က ဘယ်သွားမလို့လဲ"
"မနက်စာ ပြင်ပေးမလို့"
"ကလေးငယ်ကွာ ကိုကို့စကားကိုဆို ဘယ်တော့မှ နားမထောင်ဘူး၊ ဉီးထင် လုပ်လိမ့်မယ်လေကွာ၊ ကိုယ်ကိုကို်ယ်လည်း ပြန်ကြည့်ဉီး၊ လဲတော့မယ်"
"သားကို မဆူပါနဲ့"ဆိုကာ ကလေးငယ်ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်က ပြိုဆင်းလာပြန်သည်။ ကျွန်တော် ထိုင်နေရာမှ ကလေးငယ်ဆီ အမြန်သွားလိုက်ပြီး ပွေ့ဖက်လိုက်ကာ
"ကိုကို ဆူတာမဟုတ်ပါဘူးကွာ၊ တိတ်တော့နော် ကိုကိုက ကလေးငယ် ပင်ပန်းတာ မမြင်ချင်လို့ပါ"
"............"
"ကိုကို ဉီးထင်ကို မနက်စာ လုပ်ခိုင်းလိုက်မယ်၊ ကလေးငယ် စောင့်နေနော်၊ ကိုကို့ကို နေကောင်းစေချင်ရင် ကိုကို့နားမှပဲ နေပေး၊ သဘောတူလား"
"အင်း"
"အဲ့တာဆို မျက်ရည်တွေ မကျနဲ့တော့၊ တိတ်....ဒါလား ကိုကိုဝတ်ဖို့ ထုတ်ထားတဲ့ဟာက"
"ဟုတ်"
"ကိုကို လဲလိုက်မယ်နော် ခနထိုင်နေ"
"ဟုတ်"
ကျွန်တော် ကလေးငယ်ထုတ်ပေးထားတဲ့ အဝတ်ကိုယူပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ အရင်ကလို စကားတွေ အများကြီးမပြောတော့တဲ့ ကလေးငယ်ကို တွေးပူနေမိသည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ