Part 6*

42.4K 3K 22
                                    

TMဆိုတဲ့ ကော်ဖီဆိုင်လေးမှာ 'Photograph'ဆိုတဲ့ အေးငြိမ့်ငြိမ့် သီချင်းသံလေးက ပျ့ံလွှင့်လို့နေသည်။ ဒီနေ့မှ ဆိုင်ထဲ လူတွေ များနေသယောင်ယောင်၊ အကြောင်းကတော့ တစ်နှစ်မှာ တခါလောက်သာ ပေါ်လာတတ်တဲ့ အလုပ်ရှင် ကောင်လေးကြောင့်ဆို ပိုမှန်လိမ့်မည်။

"သူရ နောက် Menuအဆင်သင့်ဖြစ်ပြီလား "

"ဖြစ်ပြီ"

သူရဆိုတာ သန့်မှူးလေးရဲ့ ငယ်သူငယ်ချင်းဖြစ်သလို သန့်မှူးအစား ဆိုင်ကို ကြီးကြပ်ပေးနေသူဖြစ်သည်။ ဆိုင်ကထွက်တဲ့ Recipes တွေဟာ သန့်မှူးရဲ့ ကိုယ်ပိုင် Recipes Menuများပင်။

ထိုအညွှန်းအတိုင်း လုပ်ရသည်က သူရရဲ့ တာဝန်ဖြစ်သည်။ အကြာကြီးနေမှတစ်ခါ ပေါ်လာတတ်တဲ့ သန့်မှူးကို သူရဟာ ဘယ်​သောအခါမှ အပြစ်မပြောချေ။

ဆိုင်တံခါးဖွင့်သံနဲ့အတူ ဆိုင်တံခါးတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းသံလေးကိုပါ တပြိုင်တည်း ကြားလိုက်ရသည်။

"TM Cafeမှ ကြိုဆိုပါတယ်"

လာရာ အသံဘက်ကို ကြည့်လိိုက်တော့ စားဖိုမှူးဝတ်စုံအဖြူရောင်အပြင် Maskကိုပါ တပ်ဆင်ထားတဲ့ လူငယ်တစ်ယောက် ဘယ်သူလည်းဆိုတာ သုခ ခန့်မှန်းနေစရာမလိုတော့၊ သုခရဲ့ အသစ်စက်စက် ခင်ပွန်းလောင်းရဲ့ အသံဖြစ်သည်မို့။

Menuစာအုပ်ကို ကိုင်လာတဲ့ ထိုကောင်လေးက သုခအနားရောက်မှ သတိထားမိပုံပေါ်သည်။

"လူကြီး"

"မအားဘူးလား"

"အခု အားသွားပြီ လာတာ နောက်ကျမယ် ထင်နေတာ"

"အင်း Meetingစောစော ပြီးလို့၊ အော် ဒါက ကိုယ့်နဲ့ အလုပ်တူတူလုပ်နေတဲ့ ကျော်မင်း"

"အော် ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ့"

"ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"

"လူကြီး ခနစောင့် ကျွန်တော် ဒီနေ့ရဲ့ Special Menuယူခဲ့မယ်"

"Okok"

စားဖိုမှူးဝတ်စုံနဲ့ ကောင်လေးကို အခုလို မြင်ရတော့လည်း ချစ်ဖို့ကောင်းသား၊ ထူးခြားသည်က ထိုကောင်လေးဟာ အဖြူရောင်နဲ့ အရမ်းလိုက်ဖက်ခြင်းပင်။

To Love❤(Complete)Where stories live. Discover now