မနက်ခင်း အိပ်မောကျနေချိန် အခန်းထဲမှ ဖုန်းသံက လူကိုပင် နိူးစေသည်။ သုခသည် ခုံပေါ်မှ ဖုန်းပါး လှမ်းယူလိုက်ကာ မိမိရင်ဘတ်နား တခြမ်းစောင်းအိပ်နေသော ကလေးငယ်ရဲ့ နားတစ်ဖက်အား လက်လေးနဲ့ ပိတ်လို်က်ကာ ဖုန်းကိုင်လိုက်သည်။
"hello အကုိ"
"ဟုတ် ပြောပါဗျ"
"မနက်စောစောဆိုတော့ နှောက်အယှက် ဖြစ်သွားပြီထင်တယ်"
တကယ်လည်း ကျွန်တော့်အတွက် အနှောက်အယှက်ဖြစ်ပါသည်။ နားရတဲ့ ရက်လေး အေးဆေး အနားယူဖို့ လုပ်ထားသည်မို့။
"နည်းနည်းပေါ့ ပြောပါ ဘာကိစရှိလို့လဲ"
"ကျွန်တော်နဲ့ တချက် အပြင်မှာ တွေ့ဖို့ ချိန်းချင်လို့ပါ အလုပ်ကိစလေး သေချာ ပြောစရာလေးရှိနေလို့"
"ဘယ်ချိန်လဲ"
"ဒီနေ့ ၉နာရီ"
နာရီကို လှမ်းကြည့်လိုက်တော့ ၇နာရီ ထိုးတော့မည်။"ဒီနေ့တွေ့မှ ဖြစ်မှာလား "
"ဟုတ် ကျွန်တော် ခရီးဝေးတခု သွားစရာရှိလို့ အကုိ ..... အဲ့တာ ပြောထားခဲ့ချင်လို့"
"ကောင်းပြီလေ တွေ့ကြတာပေါ့"
အလုပ်ကိစဖြစ်နေတာမို့ ကျွန်တော် မငြင်းတော့ပဲ လက်ခံလိုက်သည်။ ကျွန်တော့်ကို ခွထားကာ အိပ်နေသော ကလေးငယ်ရဲ့ နှာဖူးလေးကို နမ်းလိုက်တော့ မျက်နှာလေး ရှုံမဲ့ကာ ပြန်အိပ်သွားချေသည်။ အသည်းယားဖို့ကောင်းတဲ့ ကောင်လေးပါပဲ တနေ့တနေ့ တူတူ ဖြန်သန်းလာရတာနဲ့အမျှ ကောင်ငယ်လေးရဲ့ အကျင့်လေးတွေနဲ့ ချစ်ဖို့ကောင်းမှုတော့ကို သိလာရသည်။
ခွထားတဲ့ ခြေထောက်အား အိပ်ရာပေါ် သေချာ ချပေးလိုက်ပြီး အပြင်သွားဖို့ရန် ပြင်ဆင်လိုက်သည်။ ထို့နောက် အမေဖြစ်သူကို ခွင့်တောင်းရန် အိမ်အောက်ထပ်ဆင်းလိုက်တော့ ညီမဖြစ်သူနှင့် တွေ့လေသည်။
"အကို ဘယ်သွားမလို့လဲ"
"အလုပ်ကိစ ချိန်းထားတာ သွားတွေ့မလို့ မေမေရော"
"မေမေ မီးဖိုချောင်ထဲမှာ ရှိတယ် အခုပဲ မနက်စာဖို့ လာနှိုးတော့မလို့"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ