ကျွန်တော် အလုပ်တွေပြီးလို့ နာရီကို လှမ်းကြည့်မိတော့ ည ၈နာရီ ထိုးနေလေပြီ။ ညစာကလည်း မစားရသေးတာကြောင့် စားသောက်ခန်းထဲသာ တန်းဝင်လိုက်သည်။
"ဉီးတင် ညစာလေး ပြင်ပေးပါဉီး"
"ဟုတ်ကဲ့ သခင်ကြီး ဒါနဲ့ တစ်ယောက်တည်း စားမလို့လား"
"ဟူတ်တယ်လေ"
"သခင်လေးလည်း မစားရဘူး အခုထိ....သခင်ကြီး အလုပ်ပြီးတဲ့ထိ စောင့်နေတာ"
"ဟင်...ဟုတ်လား ကျွန်တော်က စားပြီးပြီထင်နေတာ"
"ကျွန်တော် သွားခေါ်လိုက်မယ်နော်"
"နေ....နေ မခေါ်နဲ့ ကျွန်တော်သွားလိုက်မယ် ညစာ ပြင်ထားပေး"
"ဟုတ်ကဲ့ သခင်ကြီး"
ကျွန်တော်က ဂျစ်ဂျစ် ထမင်းစားပြီးလောက်ပြီးဟု သတ်မှတ်ပြီး တစ်ယောက်တည်း စားဖို့ လုပ်လိုက်ခြင်းဖြစ်သည်။ ကျွန်တော်လည်း သူ TVကြည့်နေတဲ့ အခန်းသိူ့ သွားလိုက်တော့ Sofaပေါ်မှာ Remoteကို လက်ထဲ ကိုင်ထားရင် အိပ်တောင် ပျော်နေတဲ့ ဂျစ်ဂျစ်။ မနှိုးပြန်ရင်လည်း အစာအိမ် ထိမှာစိုးရသေးတာကြောင့် နှိုးဖို့ ဆုံးဖြတ်လိုက်သည်။
"ဂျစ်ဂျစ်"
သန့်မှူးလေးရဲ့ ပခုံးကို လှုပ်ကာ နှိုးလိုက်သည်။"ဂျစ်ဂျစ် ထတော့ ထမင်းစားရမယ်လေ"
"အွန်းးး"
"ထ ထမင်းစားမယ်"
"ဘယ်ချိန်ရှိပြီလဲ လူကြီး"
"ည ၈နာရီ ကျော်နေပြီ ဘာလို့ ထမင်းမစားတာလဲ အခုချိန်ထိ"
"လူကြီးနဲ့ တူတူစားမလို့ တစ်ယောက်တည်း ထမင်းမစားတတ်ဘူး"
"အင်း အင်း....အခု သွားစားရအောင် မဟူတ်ရင် ဗိုက်အောင့်လိမ့်မယ်"
"ဟုတ်"
ထမင်းစားဝိုင်းထဲ ရောက်တော့ တို့စိတို့စိ စားနေသော အကောင်ပေါက်လေးအား အခြေအနေ မေးရတော့သည်။
"ဂျစ်ဂျစ် ထမင်းစား မကောင်းဘူးလား"
"ကောင်းပါတယ်"
"ဘာလို့ မစားတာလဲ အဲ့တာဆို"
"ဖေဖေနဲ့ ဘွားဘွားတို့ကို လွမ်းလို့"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ